အောင်မြတ်သာနှင့်ဆန်စက်ထဲမှညဉ်းတွားသံ +++++++++++++++++++++++++++++++နေကကျစ်ကျစ်တောက် ပူလောင်နေတဲ့ တပေါင်းလနေ့လည်ခင်းအချိန်။အောင်မြတ်သာ၊ မောင်ကောင်း၊ ခွန်းလှ၊ မိုးညိုတို့လေးယောက်သား မြိုအဝင်မှာရှိတဲ့ အရိပ်ရသစ်ပင်တစ်ပင်အောက်တွင် ထိုင်နေခဲ့ကြတယ်။လေးယောက်လုံး အတွေးကိုယ်စီနဲ့ထိုင်နေတဲ့အချိန် အောင်မြတ်သာက ဆတ်ခနဲထရပ်လိုက်ပြီး“ မောင်ကောင်း၊ ခွန်းလှ.. မင်းတို့နှစ်ယောက်က လေသာမြို့ဘက်ကို အရင်သွားထားကြ၊ ငါနောက်ကလိုက်လာခဲ့မယ်” လို့ပြောလိုက်တာကြောင့် မောင်ကောင်းနဲ့ခွန်းလှက အောင်မြတ်သာကိုပြိုင်တူလှမ်းကြည့်လိုက်ပြီး“ ဟိုရောက်ရင် ကျွန်တော်တို့ ဘာလုပ်ထားရမလဲဆရာ”“ […]
သန်းခေါင်ယံဆိုက်ကား
သန်းခေါင်ယံဆိုက်ကား (ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)(၁)၂၀၀၀ ပြည့်လွန်နှစ်များခန့်ဖြစ်သည်။ညကောင်းကင်ထက်မှာ လခြမ်းကွေးကွေးကလေးက ကြယ်တွေမစုံမလင်နှင့်တောက်ပနေသည်။ မြစ်ပြင်ကျယ်ကြီးကလဲ လရောင်နှင့် တဖြပ်ဖြပ်လက်နေကြသည်။ ကိုဆောင်းကတော့ ထိုမြစ်ပြင်ကြီးကိုကြည့်ရင်း စိတ်ကူးထဲအတွေးပေါင်းစုံ တွေးနေမိသည်။“ဘူ၊ ဘော်”တွေးနေရင်း သင်္ဘောဥဩသံကြီးကို ကြားလိုက်ရတော့မှ ကိုဆောင်းလဲအသိပြန်ဝင်လာသည်။ ထို့နောက် ဆိုက်ကားကိုတွန်းရင်း ဆိပ်ကမ်းဘက်သို့ထွက်လာခဲ့သည်။ သူတို့ဆိုက်ကားဂိတ်ကလေးမှ ဆိုက်ကားများကလဲ အားလုံးဆိပ်ကမ်းဆီသို့လာခဲ့ကြသည်။ ဧရာဝတီမြစ်အတိုင်းစုန်ဆင်းလာသည့် […]
လှေကြုံ (စ/ဆုံး)
လှေကြုံ (စ/ဆုံး) ——————— အချိန်ကား ညနေမှောင်ရီ ပျိုးစ အချိန် ဖြစ်လေသည်။ ပြာသိုလဖြစ်၍ မြူနှင်းတို့တဖွဲဖွဲ ကျလျက် ရှိသည်။ လေပြေ၊ လေညင်းကလေးများ တိုက်ခတ်လာတိုင်း ရေခဲရည်များဖြင့် ပက်ဖျန်းလိုက်သည့်နှယ် အေးစိမ့်နေတော့သည်။ အသည်းခိုက်၍ တုန်နေအောင် ချမ်းအေးသော ညသည် ဒီလိုညမျိုးပင် ဖြစ်လိမ့်မည်။ အနွေးထည် […]
ဖောက်ပြန်သူ(စ/ဆုံး)
မင်းဟန်အဝေးပြေးကားစီးလာရင်းအတွေးနယ်ချဲ့ လာသည်ကားမထွက်ခင်ပြောလိုက်သော သူ၏ချစ်လှစွာသောမယားငယ်စကားအားကြားယောင်နေမိပြန်သည်။ ””’ရှင်ကျွန်မဆီကယူသွားတဲ့သနပ်ခါးတုံးတွေကို—-ရှင့်အမေပေးမယ်ဆိုလ့ိုပေးလိုက်တာ—–အကယ်၍များရှင့်မယားကြီးပေးလို့ကတော့—–သနပ်ခါးလိမ်းတဲ့နေရာယားပြီးအဖုတွေထွက်လာလိမ့်မယ်—–မယုံရင်စမ်းကြည့်လိုက်လေ””” သနပ်ခါးတုံးတွေမယားငယ်ဆီကယူလာတုန်းကတော့မယားကြီးပေးရန်ဖြစ်သည်မယားငယ်ကအကင်းပါးသည် တစ်ကယ်တော့မင်းဟန်တွင်မယားနှစ်ယောက်ရှိနေသည်ပန်းရံခေါင်းဆောင်လုပ်သော မင်းဟန်ကသူ့အလုပ်ထဲမှပန်းရံလာဆင်းသောတင်တင်ဆိုသောမိန်းကလေးနှင့် ခိုးရာလိုက်ပြေးလာခြင်းဖြစ်သည်အမှန်တော့သူတို့နှစ်ယောက်လုံးတွင်အိမ်ထောင်ကိုယ်ဆီရှိနေသည်။ မယားကြီးနှင့်ဝေးရာမြို့တွင်နေရင်းမင်းဟန်ပထမတော့သာယာနေသည် နောက်တော့မယားငယ်အားသူတဖြေးဖြေးကြောက်၍လာမိသည်။ သူယူထားသောမယားငယ်သည်ပါးစပ်ကကျိန်လိုက်တိုင်းဖြစ်၍နေသည်ကိုသူသတိထားလာမိသည်။ တစ်နေ့တွင်မင်းဟန်အလုပ်လုပ်သောဆိုက်ထဲမှသဌေးကမင်းဟန်တို့အုပ်စုအားဘောက်ဆူးပေးလိုက်သည်။ သူတို့အုပ်စုဘယ်ပြောကောင်းမလဲအရက်ဆိုင်ကောင်းကောင်းတွင်အမြည်းကောင်းကောင်းနှင့်အဝဆွဲလိုက်တာ သဌေးပေးတဲ့ဘောက်ဆူးအပြင်ရှိသမျှပိုက်စံကလေးပါအဆစ်ပါသွားခဲ့လေသည်။ မိုးအတော်ချူပ်မှအိမ်သို့သိုင်းကွက်နင်းကာပြန်လာသောမင်းဟန်ကိုမယားငယ်ကပိုက်စံဆီးတောင်းလိုက်သည်။ ””’ကဲပါလာတဲ့ပိုက်စံပေး——အကြွေးပေးစရာရှိတယ်”” ””ကုန်ပြီ—တပြားမှမပါလာတော့ဘူး”” ထိုအခါသူ့မိန်းမသည်အလွန်ဒေါသထွက်စွာဖြင့်သူ့အားကျိန်လိုက်သည်။ ””ရှင့်အရက်သောက်ပြီးနေထမင်းမစားနဲ့—–ရှင့်အရည်တွေတညလုံးရှိသမျှအပေါက်ကအန်ပြီးမအိပ်ရပါစေနဲ့တော်—–”” သူမိန်းမကျိန်စာသည်အလွန်ပင်စွမ်းသည်လားမသိပါမင်းဟန်တစ်ယောက်အထက်လန်အောက်ရှောဖြစ်ကာ တညလုံးမအိပ်ရပဲနောက်တစ်နေ့ဆေးခန်းရောက်သွားလေသည်။ ဒါဟာတိုက်ဆိုင်လို့ဖြစ်တယ်ထင်ထားပေမဲ့နောက်တစ်ခါသူမိန်းမနဲ့သူနဲ့စကားများပြန်ရာကျိန်ပြန်သည်။ ဒီတစ်ခါတော့သူငယ်ချင်းတစ်ယောက်ကိုငွေချေးလိုက်တာပြန်မရ၍ထမင်းစားရင်းရန်ဖြစ်ကြတာဖြစ်သည်။ ””ရှင်အဲလောက်ချစ်နေရင်သူ့နှမယူထားပါလားးးးးးးးဒါမှမဟုတ်ရှင့်နှမပေးထားပါလားးးးး””’ မယားငယ်စကားကြောင့်သူဒေါသထွက်ကာစားနေသောထမင်းစာပွဲအားလှန်ပစ်လိုက်သည်။ […]
စုန်းထီးကြီးဦးဘသာနှင့် အညာနွားပြိုင်ပွဲ
(၁)ကျုပ်တို့တွေ တန်းမြင့်ရွာကိုရောက်နေကြတာဗျ၊ ကျုပ်လည်းပါတယ်၊ အဖေလည်းပါတယ်၊ ရွာခံလူကြီးတွေလည်း လေးငါးဆယ်ယောက်ပါတယ်၊ ဦးဘသာတော့ မပါဘူးဗျ၊ ကျုပ်တို့ဘာဖြစ်လို့ ဒီရွာရောက်နေကြတာလဲဆိုရင် အစည်းအဝေးတစ်ခုရှိလို့ပေါ့ဗျာ၊ တန်းမြင့်ရွာသူကြီး ဦးကျော်ဝင်းက ရွာထိပ်က ဇရပ်ကြီးမှာ ဖျာတွေခင်းပြီး လူတွေကိုဧည့်ခံတယ်ဗျ၊ မြိုင်သာမြို့က ပါတီကောင်စီလူကြီးတွေလည်း တော်တော်များများရောက်နေကြပြီ။ ကျုပ်ကတော့ ကျုပ်တို့ကိုဧည့်ခံတဲ့ လက်ဖက်ရည်သောက်လိုက် စမူဆာတွေစားလိုက်ပေါ့ဗျာ။ အီကြာကွေးလည်းပါသေးတယ်၊ […]
ဘွားမယ်စိန်နှင့် ရွှေလက်ကောက်ရဲ့ရာဇဝင်
“အရီး…အဲ့မှာ ဘာရပ်လုပ်နေတာလဲဗျ…”အိမ်အပေါ်ထပ်အခန်းရှေ့၌ရပ်ကာ အခန်းထဲသို့ဝင်ရကောင်း…မဝင်ရကောင်းဗျာများနေတဲ့ အရီးအေးမိကို မောင်တိုးက မေးလိုက်ခြင်းဖြစ်သည်။“အမေကြီးကိုထမင်းစားခေါ်မလို့ပါဟယ်…ငါ့မှာကြောက်လို့မဝင်ရဲဘူးငါ့တူရဲ့”“ဟင်း….ဒါဆိုရင် ကျုပ်ပဲ ခေါ်ခဲ့လိုက်မယ်အရီး…အရီးက ထမင်းပွဲနားကပဲစောင့်နေလိုက်ပါဗျာ…”“အေး…အေး…အေး…ဒါဆိုရင်အရီးအောက်ထပ်ကိုပြန်ဆင်းတော့မယ်နော်…”အရီးအေးမိက အောက်ထပ်ကို ပြန်ဆင်းသွားခဲ့တော့သည်။မောင်တိုးလည်း စိတ်မသက်မသာဟန်နဲ့အခန်းတံခါးကိုဖွင့်ပြီးဝင်လာခဲ့လိုက်၏။အခန်းထဲကိုရောက်တော့ ကုတင်အထက်မှာထိုင်လျက် ပြတင်းပေါက်ဆီကိုငေးမောကာကြည့်နေတဲ့ ဘွားမယ်စိန်ကိုမောင်တိုးတွေ့လိုက်ရသည်။“ဘွား…ထမင်းစားကြရအောင်လေ…”ဘွားမယ်စိန်က မောင်တိုးစကားကိုခေါင်းညိတ်သည်။“ဟိုလေ…ဘွားနေလို့ကောင်းပါတယ်နော်…ကျုပ်တို့ဘာများလုပ်ပေးရမလဲဘွား…ကျုပ်တို့ကိုတစ်ခုခုပြောပါဘွားရယ်…ကျုပ်တို့တွေက ဘွားကို ဒီတိုင်းပဲထိုင်ကြည့်နေရတော့မှာလားဗျာ…”ဘွားမယ်စိန်ကိုကြည့်ပြီး မောင်တိုးက စိတ်မကောင်းစွာမေးရှာသည်။မောင်တိုးရဲ့မျက်ဝန်း၌လည်း မျက်ရည်များကရစ်ဝိုင်းလို့နေခဲ့၏။ဘွားမယ်စိန်က မောင်တိုးကိုတစ်ချက်မျှသာလှည့်ကြည့်ပြီးအခန်းထဲမှထွက်သွားတော့သည်။အောက်ထပ်ကိုဆင်းသွားတဲ့ဘွားမယ်စိန်အနောက်ကိုမောင်တိုးလည်းပတူလိုက်လာခဲ့သည်။အောက်ထပ်၌စောင့်နေတဲ့မောင်အုန်းကအရိပ်အခြေပြကာ မေးရှာတော့ မောင်တိုးခမျာခေါင်းသာရမ်းပြလိုက်ရှာသည်။“အမေကြီး ထည့်စားနော်…ကျုပ်က […]
အောင်မြတ်သာနှင့်သရဲမကြောက်ကိုသံဒေါက်
အောင်မြတ်သာနှင့်သရဲမကြောက်ကိုသံဒေါက် +++++++++++++++++++++++++++++++ “ သရဲတစ္ဆေရှိတယ်ဆိုတာ မင်းယုံလား” အဆက်စပ်မရှိမေးလိုက်တဲ့ စကားကြောင့် လက်ဖက်ရည်သောက်နေတဲ့ ကိုသံဒေါက် မျက်လုံးကိုပင့်ကြည့်ကာ “ မင်းကဘာလို့ အခုလိုမေးတာလဲ” “ ငါတို့ရွာရဲ့အနောက်ဘက် ထနောင်းပင်က သရဲခြောက်တယ်ဆိုပြီးနာမည်ကြီးနေလို့၊ မနေ့ကလဲ မနက်ပိုင်းပဲပြုတ်ထရောင်းတဲ့ ဒေါ်မေအိကို ထနောင်းပင်ပေါ်ကနေ လက်မဲမဲကြီးနဲ့ လှမ်းဆွဲလို့တဲ့ဟေ့” “ မင်းတို့တော့မသိဘူး၊ […]
အောင်မြတ်သာနှင့်လမိုင်းမိစ္ဆာ
+++++++++++++++++++++ရွာလယ်ရှိ ဒေါ်စိန်ညွန့်အိမ်ရှေ့ ခြံဝိုင်းထဲမှာတော့ လူတွေကြက်ပျံမကျစည်ကားနေခဲ့တယ်။ ဆိုင်းဝိုင်းကနေ စည်းချက်ညီညီထွက်လာတဲ့ ဆိုင်းသံဗုံသံတွေကြားထဲမှာ မိတ်ကပ်တွေအဖွေးသား လူးထားတဲ့ လူတစ်ယောက်က ပျော့ပျောင်းလှတဲ့လက်တွေကို ယိမ်းနွဲ့ကပြနေဟန်က ကြည့်ရှုသူတွေကို မပြန်ချင်လောက်အောင် စွဲဆောင်နေခဲ့တယ်။ ထိုသူရဲ့ဦးခေါင်းမှာ ပေါင်းထားတဲ့ ခေါင်းပေါင်းတွေထဲမှာတော့ ကန်တော့ပုံစံလုပ်ထားတဲ့ငွေစက္ကူတွေက ထပ်ထိုးမယ့်နေရာမရှိအောင် ပြည့်ကြပ်နေခဲ့တယ်။“ အလှရေ… မာမီသိန်း နောက်ဝတ်မယ့် အဝတ်တွေ […]
အောင်မြတ်သာနှင့်လူစားလဲသောကန်
++++++++++++++++++++++++++“ ဟေ့ကောင် ငစံလုံး၊ မင်းပြောတဲ့ရေကန်က အခုထိမရောက်သေးဘူးလား”“ ရောက်တော့မယ်ကွ၊ ရှေ့နှစ်ကွေ့လောက်ဆိုရောက်ပြီ”ငစံလုံးက သူ့အနောက်မှာပါလာတဲ့ မဲကြီးနဲ့ မောင်ကွေးကို အနောက်ကလိုက်ခဲ့ဖို့ ပြောပြီး လူသွားလမ်းလေးအတိုင်း ရှေ့ကိုဆက်ထွက်သွားခဲ့တယ်။“ မဲကြီး… ငါတို့လဲ ဒီဘက်ကို မကြာမကြာရောက်ပါတယ်ကွာ၊ ဒါပေမယ့် ငစံလုံးပြောတဲ့ရေကန်ကို တစ်ခါမှမတွေ့ဖူးဖူး၊ ရေကန်ရှိတယ်လို့လဲ မကြားဖူးဘူး”“ အေး.. ငါလဲ […]
ဘွားမယ်စိန်နှင့်လူအိုတွေသေတဲ့ရွာ
“အဘွား…မမကလည်းပြန်မလာသေးဘူးနော်”နန်းကြိုင်သည် အဘွားဖြစ်သူဘွားမယ်စိန်နံဘေး၌ထိုင်ရင်း ငြီးတွားလိုက်လေသည်။“အေးကွယ်…သမီးအစ်မကို ဘွားကလည်းမျှော်နေတာ…ဒီကလေး အသုဘပြီးရင်ပြန်လာမယ်ပြောသွားပြီးဘာကြောင့်များရက်ကြာနေသလဲမသိဘူးကွယ်”“အမေရယ်…ကျုပ်တို့ရွာလည်း အေးချမ်းနေတာပဲ…အမေ့သမီးနောက်ကို လိုက်သွားကြည့်ပါလား”ဒေါ်ဝင်းရဲ့စကားကို ဘွားမယ်စိန်က ပြန်မပြောဘဲတိတ်ဆိတ်သွားသည်။ဘွားမယ်စိန်စဥ်းစားနေခြင်းဖြစ်၏။သောင်ထွန်းရွာနဲ့ တခြားရွာများ၌လည်း အေးချမ်းလျက်ရှိသည်။မြင်တွေ့ခဲ့ရသော အာရုံနိမိတ်သည်မှားများမှားနေသလားဆိုတဲ့အတွေးများကလည်းဘွားမယ်စိန်ရဲ့စိတ်ထဲဝေခွဲမရဖြစ်နေခဲ့၏။“မမပြန်မလာတာ…ဟိုလေ…ဟို…တစ်ခုခုများဖြစ်နေလို့များလားအဘွားရယ်… ““မဖြစ်နိုင်ပါဘူးသမီးရယ်…ညည်းရဲ့အစ်မက သူ့အရီးတို့နဲ့အတူလယ်တွေယာတွေ ကိစ္စကို စီမံနေရသလားမှမသိတာ…အဲ့တာကြောင့်လည်း ကြန့်ကြာနေပုံရပါတယ်အေ…”“ဘွားရေ…ကျုပ်တို့လာတယ်ဗျို့…”“ဟော…မောင်တိုးနဲ့မောင်အုန်းပါလား…လာ…လာ…ထိုင်ကြ…”မောင်တိုးနဲ့မောင်အုန်းတို့ရောက်လာခဲ့ကြသည်။“ရှင်ညိုကလည်းဗျာ…ပြန်မလာသေးဘူးလားကျုပ်တော့ ရှင်ညိုမရှိတော့ ပျင်းတောင်ပျင်းတယ်ဗျာ”“ဟုတ်ပါ့ဗျာ…ဒီကလေးမ ကြာလှပါလားဘွားရဲ့”.မောင်တိုးနဲ့မောင်အုန်းတို့က အိမ်ကိုရောက်လာလာချင်းနှမဖြစ်သူရှင်ညိုကို သတိရ၍ ပြောကြလေသည်။“ဟုတ်တယ်…ဘွားတို့လည်းအခုပဲ အဲ့သည်ကိစ္စကိုပြောနေကြတာကွဲ့…မောင်ရင်တို့နှမက အင်ကြင်းမြိုင်မှာဘာတွေများအလုပ်ရှုပ်နေသလဲမသိပါဘူးကွယ်…”“အသုဘကပြီးလောက်ပါပြီဗျာ…လေးလေးက […]