အောင်မြတ်သာနှင့်ဘဝဟောင်းကသံယောဇဉ်

စာရေးဆရာ-ဇေယန(ရာမည)“ ဝူးးးး…..ကျီ…..”အိမ်ရှေ့ကနေ ရုတ်တရက်ထွက်လာတဲ့ ဆင်အော်သံကြောင့် အိပ်ပျော်နေတဲ့ လှလေးစိန်တစ်ယောက် လန့်နိုးလာပြီး အသံကြားရာဘက်ကို ကြည့်လိုက်ရာ လှပတဲ့အဆင်တန်ဆာတွေကိုဆင်ယင်ထားတဲ့ စွယ်စုံဆင်ကြီးတစ်ကောင်ကိုမြင်လိုက်ရတယ်။ဆင်ရဲ့ ကုန်းနှီးပေါ်မှာတော့ တစ်လက်လက်တစ်ဖျက်ဖျက် တောက်ပနေတဲ့ လက်ဝတ်လက်စားတွေကိုဝတ်ဆင်ထားပြီး ဝါဖျော့ဖျော့အရောင်အဝတ်အစားကိုဝတ်ဆင်ထားတဲ့ လူတစ်ယောက်က အမိန့်သားထိုင်ကာ အိမ်ကိုစူးစိုက်ကြည့်နေခဲ့တယ်။“ ဟင် …. ဒီလူကို ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုပဲ ၊ ဘယ်မှာမြင်ဖူးပါလိမ့်”လှလေးစိန်တစ်ယောက် […]

အောင်မြတ်သာနှင့်အာဏာပြင်းစက်အောက်ဘဝဂ်

စာရေးဆရာ -ဇေယန(ရာမည)“ သေချင်လို့လား အဆိပ်မစား ကိုးတိုင်ရွာကိုသွားဆိုတဲ့စကားက လွန်ခဲ့တဲ့နှစ်ပေါင်း(၅၀)လောက်အချိန်က အတော်ကိုထင်ရှားခဲ့တာကွ”အသက်ခြောက်ဆယ်အရွယ် ဖိုးသံခဲက ခြံထွက်ကွမ်းယာကို ခြောက်လုနီးပါရဖြစ်နေတဲ့ ထုံးနဲ့သုတ်လိုက်ပြီး ပါးစပ်ထဲကိုပလုပ်ပလောင်းထိုးထည့်လိုက်တယ်။“ လွန်ခဲ့တဲ့နှစ်၅၀ဆိုတော့ အတော်ကြာခဲ့ပြီပဲ၊ ဒါပေမယ့် ဘာကြောင့်အဲဒီလိုပြောရတာလဲ အဖိုး”မြို့ပေါ်မှာ ကောလိပ်တက်နေရာကနေ ကျောင်းပိတ်ရက် အလည်ပြန်ရောက်လာတဲ့ မြေးဖြစ်သူ ပိုင်မိုးရဲ့စကားကြောင့် ဖိုးသံခဲက ကွမ်းတံတွေးကို ထွေးအင်ထဲ […]

အောင်မြတ်သာနှင့်ညောင်ပင်ထက်ကအဖိုးအို

စာရေးဆရာ -ဇေယန(ရာမည)” ချွတ် ချွတ် ဂျွတ်”ကောက်လှိုင်းတွေကို နင်းလို့ထွက်လာတဲ့အသံကြောင့် မြတ်သူ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ထိုင်ရာကနေထကာကြည့်ကာ” ဆုဝေရယ် ကို စောင့်နေတာကြာပြီ.. ဘာလို့အခုမှထွက်လာတာလဲ”” အို … အဘက ဒီနေ့မှ မအိပ်ပဲ စကားတွေထိုင်ပြောနေလို့ ထွက်မရဖြစ်နေတာ၊ ဘာလဲ အခုထဲက ညိုငြင်နေပြီလား”” ဟား ငြိုငြင်စရာလားကွာ… […]

အောင်မြတ်သာနှင့်အခေါင်းစင်ပေါ်ကကျတ်တစ္ဆေ

စာရေးဆရာ -ဇေယန(ရာမည)ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက် ခြေဦးတည့်ရာကိုယ့်အိမ်ရာဆိုတဲ့အတိုင်း ခရီးထွက်ခဲ့ကြတဲ့အချိန် ငယ်စဉ်က ကျောင်းနေဖက်သူငယ်ချင်းဖြစ်တဲ့ မြင့်ထွန်းနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ကြတယ်။မြင့်ထွန်းက ကျောင်းမပြီးခင်မှာပဲ သစ်ခုတ်တဲ့အလုပ်ထဲခြေစုံပစ်ဝင်ပြီး နယ်တကာလှည့် လျောက်သွားရာကနေ ကျို့ဒုံမြို့သူနဲ့အိမ်ထောင်ကျခဲ့တဲ့အကြောင်းစကားစမြည်ပြောဖြစ်ရင်း ကျွန်တော်ဝတ်ထားတဲ့ ယောဂီဝတ်ထားတဲ့ ယောဂီဝတ်စုံကိုကြည့်ပြီး တစ်စုံတစ်ခုကိုတွေးနေတဲ့ဟန်ကိုမြင်လိုက်ရတယ်။ ဒါကို အကဲခတ်မိတဲ့ ကျွန်တော်က ရေနွေးကြမ်းတစ်ခွက်ကို ဟန်ပါပါသောက်လိုက်ပြီး” ငါ့အလုပ်အကိုင်ကို မင်းသိချင်နေပြီမဟုတ်လား” […]

အောင်မြတ်သာနှင့်ကာမသိဒ္ဓိကျင့်စဉ်

စာရေးဆရာ -ဇေယန(ရာမည)” မြပန်း တစ်ယောက် ရေလာခပ်တာလဲမတွေ့ဘူးနော်”အတန်သင့်ကျယ်ဝန်းတဲ့လက်တူးတွင်းထဲက ရေကိုငင်ရင်းပြောလိုက်တဲ့ အေးကြွယ်ရဲ့စကားကြောင့် လုံချည်စုတ်ကိုခေါင်းခုလုပ်နေတဲ့ မိရင်က” မြပန်း နေမကောင်းဘူးလို့ သူ့အမေ​ပြောတာ ကြားတာပဲ.. တစ်ကိုယ်လုံးအားမရှိသလို ဖြစ်နေလို့ ကြက်စွပ်ပြုတ်လုပ်ပေးနေရတယ်တဲ့”” သူများအမေတွေများ အားကျပါဘိတော်… ကျုပ်တို့အမေတွေနဲ့များကွာပ”မျက်နှာထိမျက်နှာထားနဲ့ပြောလိုက်တဲ့ အေးကြွယ်စကားကြောင့် မိရင်အပါအဝင်ရေလာခပ်ကြတဲ့ အပျိုလေးတွေအားလုံး တခစ်ခစ်နဲ့ရယ်လိုက်ကြတယ်။ဒါကတော့ ရွှေတဆုပ်ရွာရဲ့ ညနေခင်းအလှတရားတစ်ခု။ဒီလိုနဲ့ […]

အောင်မြတ်သာနှင့်ပျောက်ကွယ်နေသောဘုရားကျောင်း

စာရေးဆရာ – ဇေယန(ရာမည)“ရွှေညောင်ပင်မြို့မှကြိုဆိုပါ၏”ဆိုတဲ့ ဆိုင်းဘုတ်နားရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက် ခေတ္တအနားယူခဲ့ကြတယ်။အုပ်ဆိုင်းမှိုင်းညို့နေတဲ့ ညောင်ပင်တွေ မြို့အဝင်ဝမှာတန်းစီပေါက်ရောက်နေတာမို့ ရွှေညောင်ပင်မြို့ဆိုပြီးနာမည်တွင်တယ်လို့ ပြောကြသလို၊ ဒီမြို့ကို စတင်တည်ထောင်ခဲ့တဲ့ ဟိန္ဒူလူမျိုးတစ်ဦးက သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ညောင်ပင်တွေအောက်မှာ​မြုပ်နှံသွားရာကနေ ရွှေညောင်ပင်မြို့ဆိုပြီး အမည်တွင်လာတယ်လို့လဲဆိုစမှတ်ရှိခဲ့ကြတယ်။ရွှေညောင်ပင်မြို့မှာတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံစုဝေးနေထိုင်ကြပြီး အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းလဲမရှိသလောက်ရှားပါးခဲ့တယ်။ သီတင်းကျွတ်ပွဲတော်၊ ဒီပါဝလီပွဲတော်အစရှိတဲ့ ဘာသာရေးပွဲတော်များကျင်းပတဲ့အခါမှာလဲ သူ့ဘာသာ ကိုယ့်လူမျိုးခွဲခြားမှုမရှိပဲ […]

အောင်မြတ်သာနှင့်စစ်ထွက်ဘုရား

စာရေးဆရာ -ဇေယန(ရာမည)” ဒူ………..”ဟန်ပါပါမာန်ပါပါနဲ့ထုလိုက်တဲ့အောင်စည် အောင်မောင်း အသံက စကားစမြည်ပြောနေကြတဲ့ စစ်သည်တွေအားလုံးကို သတိဝင်စေခဲ့တယ်။ မကြာခင်မှာပဲ အုန်းခွံရောင်မြင်းတစ်ကောင်ကိုစီးပြီး ချပ်ဝတ်ဆန်ဆာတွေဝတ်ဆင်ထားတဲ့ တပ်မှူးတစ်ယောက် ရောက်လာကာ တန်းစီနေကြတဲ့ စစ်သည်တွေရဲ့မျက်နှာကို တစ်စိုက်မတ်မတ် ကြည့်ရှုနေခဲ့တယ်။အတန်ကြာလှည့်ပတ်ကြည့်ရှုပြီးချိန်မှာတေငာ့ မြင်းဇက်ကြိုးကိုဆွဲကာရပ်လိုက်ပြီး” ညီနောင်တို့ ငါတို့ဟာ မကြာခင် ကျူးကျော်သူတွေရဲ့ရန်ကို ခုခံတိုက်ခိုက်ကြရတော့မှာဖြစ်တယ်။ မင်းတရားကြီးကလဲ ရန်သူတွေကို […]

အောင်မြတ်သာနှင့်လက်ပြတ်သရဲ

စာရေးဆရာ -ဇေယန(ရာမည)” နေညိုချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနံဘေးမှာ…. စာဥတို့သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ.. သီချင်းလေးသံသာ မရောက်တာကြာပီ မတွေ့တာကြာပြီ…သတိရလိုက်တာစာဥရယ်” ဆိုတဲ့သီချင်းကို ကျော်လှ တစ်ယောက် ခံစားချက်အပြည့်နဲ့ဆိုနေရင်း စားကျက်ဘက်ကို လှမ်းကြည့်လိုက်တယ်။” ဟာ … ငနက်ပြာ တစ်ကောင် အဖွဲ့ကနေ ထွက်သွားပြန်ပီ .. ဒီကောင်ကို လိုက်ရှာရတာလဲ […]

အောင်မြတ်သာနှင့်ဆန်စက်ထဲမှညဉ်းတွားသံ

အောင်မြတ်သာနှင့်ဆန်စက်ထဲမှညဉ်းတွားသံ +++++++++++++++++++++++++++++++နေကကျစ်ကျစ်တောက် ပူလောင်နေတဲ့ တပေါင်းလနေ့လည်ခင်းအချိန်။အောင်မြတ်သာ၊ မောင်ကောင်း၊ ခွန်းလှ၊ ‌မိုးညိုတို့လေးယောက်သား မြိုအဝင်မှာရှိတဲ့ အရိပ်ရသစ်ပင်တစ်ပင်အောက်တွင် ထိုင်နေခဲ့ကြတယ်။လေးယောက်လုံး အတွေးကိုယ်စီနဲ့ထိုင်နေတဲ့အချိန် အောင်မြတ်သာက ဆတ်ခနဲထရပ်လိုက်ပြီး“ မောင်ကောင်း၊ ခွန်းလှ.. မင်းတို့နှစ်ယောက်က လေသာမြို့ဘက်ကို အရင်သွားထားကြ၊ ငါနောက်ကလိုက်လာခဲ့မယ်” လို့ပြောလိုက်တာကြောင့် မောင်ကောင်းနဲ့ခွန်းလှက အောင်မြတ်သာကိုပြိုင်တူလှမ်းကြည့်လိုက်ပြီး“ ဟိုရောက်ရင် ကျွန်တော်တို့ ဘာလုပ်ထားရမလဲဆရာ”“ […]

အောင်မြတ်သာနှင့်သရဲမကြောက်ကိုသံဒေါက်

အောင်မြတ်သာနှင့်သရဲမကြောက်ကိုသံဒေါက် +++++++++++++++++++++++++++++++ “ သရဲတစ္ဆေရှိတယ်ဆိုတာ မင်းယုံလား” အဆက်စပ်မရှိမေးလိုက်တဲ့ စကားကြောင့် လက်ဖက်ရည်သောက်နေတဲ့ ကိုသံဒေါက် မျက်လုံးကိုပင့်ကြည့်ကာ “ မင်းကဘာလို့ အခုလိုမေးတာလဲ” “ ငါတို့ရွာရဲ့အနောက်ဘက် ထနောင်းပင်က သရဲခြောက်တယ်ဆိုပြီးနာမည်ကြီးနေလို့၊ မနေ့ကလဲ မနက်ပိုင်းပဲပြုတ်ထရောင်းတဲ့ ဒေါ်မေအိကို ထနောင်းပင်ပေါ်ကနေ လက်မဲမဲကြီးနဲ့ လှမ်းဆွဲလို့တဲ့ဟေ့” “ မင်းတို့တော့မသိဘူး၊ […]