ပြာကြိုး

တင်ညွန့်ဟိုးရှေးတုန်းက တောင်ခြေရွာလေးတစ်ရွာတွင်ဆင်းရဲသော လယ်သမားနှင့် သူ့မိခင်အို မုဆိုးမကြီး တစ်ဦး နေထိုင်သည်။ သူတို့တွင် လယ်မြေလေးအနည်းငယ်ရှိပြီး၊ ထိုလယ်မြေလေးတွင် စိုက်ပျိုးကာ ရသမျှလေးကို မှီခို၍ သားအမိနှစ်ယောက် ပျော်ရွှင်စွာ နေထိုင်ကြသည်။သားအမိနှစ်ယောက် နေထိုင်သော နယ်မြေကို အုပ်ချုပ်သည့်သူမှာ စစ်သည်မျိုးနွယ်တစ်ဦးဖြစ်ပြီး အာဏာရှင် ဆန်ဆန် စိုးမိုးနေသူတစ်ဦးဖြစ်သည်။ သူစိုးမိုးအုပ်ချုပ်နေသည့် နယ်မြေတွင် […]

စေတနာပဲ့တင်သံ

စေတနာပဲ့တင်သံ (ဝတ္ထုတို)တင်ညွန့်ကျွန်တော် တောကျောင်းကနေ မြို့ကျောင်းကိုပြောင်းလာပေမယ့် မြို့ပေါ်ကျောင်းမှာ နေရတာမဟုတ်ဘူး။ မြို့နဲ့ မနီးမဝေး မူလတန်းကျောင်းလေးကို ရောက်လာတယ်။ လေးတန်းအတန်းပိုင်တာဝန်ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုးလွတ်တဲ့နေရာ ခိုနေကြရတယ်။ကျွန်တော့်လေးတန်းမှာ ကျောင်းသား ၂၄ ယောက်ရှိတယ်။ အဲဒီခေတ်က အုပ်စုလိုက်စစ်ဆိုတော့ အစိုးရစစ် လိုပဲ။ […]

လင်ပျောက်မ

လင်ပျောက်မ (ဝတ္ထုတို)တင်ညွန့်မိခင်က သားလေးလက်ကိုဆွဲလာပြီး ဈေးထဲကိုရောက်လာသည်။ဈေးထဲတွင် လူတွေစည်ကားနေချိန်ဖြစ်သည်။ သားငယ်က မိခင်လက်ကိုဆွဲလာရင်းက“အမေ”“ဘာလဲသား”“သား … ဟို ကောက်ညှင်းပေါင်း စားချင်လို့”“သားရယ် အမေ့မှာ ပိုက်ဆံမရှိသေးဘူး။ မင်းအဖေက ဈေးထဲကိုလာခဲ့ ပိုက်ဆံပေးမယ်ဆိုလို့ လာခဲ့တာ။ မင်း အဖေကို ခုထိ ရှာမတွေ့သေးဘူး”“အမေ … ရေခဲချောင်း စားချင်တယ်”“သား မပူဆာနဲ့ကွယ် […]

အနင်းချေခံ ပန်းတစ်ပွင့်

” သီတာ မနက်ဆယ်နာရီ အစည်းအဝေးတဲ့ “ ” ဟုတ်မမခိုင် “ အခန်းထဲ၌ ချိတ်ဆွဲထားသောနာရီအားကြည့်လိုက်ရာ မနက် ၉နာရီ ၄၀မိနစ်။ အစည်းအဝေးစရန် မိနစ်နှစ်ဆယ်ကျန်သေးသည်မို့ သီတာ တစ်ယောက် သင်္ချာပုစ္ဆာကို ကလေးများအား ဆက်လက်ရှင်းပြလိုက်၏။ ” ကဲ သားတို့သမီးတို့ရေ ဒီပုစ္ဆာတွေတွက်ထားပါ ၊ […]

ဝဋ်ကြွေးကုန်ချိန်

အိမ်ပေါ်ရောက်တော့ ခေါင်းပေါ်က စကောလေးနဲ့ ခေါင်းဖုလေးကို ပစ်ချလိုက်ပြီး စုစုနှင်းအမောဖြေလိုက်ပါတယ်။ ခဏအမောဖြေပြီးတဲ့နောက် သိုင်းလွယ်ထားတဲ့လွယ်အိတ်လေးထဲက ငွေစအချို့ကို ထုတ်ပြီးရေတွက်လိုက်ပါတယ်။ အားလုံးပေါင်း..ခြေက်ထောင်ရှစ်ရာဆိုတော့ ပင်ပန်းခဲ့သမျှ အမောပြေရပြန်တယ်။ နာရီကိုလှမ်းကြည့်လိုက်တော့ မနက်ဆယ်နာရီထိုးနေပြီ။ အိမ်ပေါ်မှာ ဘယ်သူမှရှိမနေပေ။ မောင်လေး အထွန်း၊ ညီမလေး ပုတု ဘယ်တွေလျှောက်ဆော့နေကြပါလိမ့်… အဖေကတော့ လမ်းထိပ်က ဖထီးတို့ဆိုင်မှာ […]

အောင်မြတ်သာနှင့်ဘဝဟောင်းကသံယောဇဉ်

စာရေးဆရာ-ဇေယန(ရာမည)“ ဝူးးးး…..ကျီ…..”အိမ်ရှေ့ကနေ ရုတ်တရက်ထွက်လာတဲ့ ဆင်အော်သံကြောင့် အိပ်ပျော်နေတဲ့ လှလေးစိန်တစ်ယောက် လန့်နိုးလာပြီး အသံကြားရာဘက်ကို ကြည့်လိုက်ရာ လှပတဲ့အဆင်တန်ဆာတွေကိုဆင်ယင်ထားတဲ့ စွယ်စုံဆင်ကြီးတစ်ကောင်ကိုမြင်လိုက်ရတယ်။ဆင်ရဲ့ ကုန်းနှီးပေါ်မှာတော့ တစ်လက်လက်တစ်ဖျက်ဖျက် တောက်ပနေတဲ့ လက်ဝတ်လက်စားတွေကိုဝတ်ဆင်ထားပြီး ဝါဖျော့ဖျော့အရောင်အဝတ်အစားကိုဝတ်ဆင်ထားတဲ့ လူတစ်ယောက်က အမိန့်သားထိုင်ကာ အိမ်ကိုစူးစိုက်ကြည့်နေခဲ့တယ်။“ ဟင် …. ဒီလူကို ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုပဲ ၊ ဘယ်မှာမြင်ဖူးပါလိမ့်”လှလေးစိန်တစ်ယောက် […]

အောင်မြတ်သာနှင့်အာဏာပြင်းစက်အောက်ဘဝဂ်

စာရေးဆရာ -ဇေယန(ရာမည)“ သေချင်လို့လား အဆိပ်မစား ကိုးတိုင်ရွာကိုသွားဆိုတဲ့စကားက လွန်ခဲ့တဲ့နှစ်ပေါင်း(၅၀)လောက်အချိန်က အတော်ကိုထင်ရှားခဲ့တာကွ”အသက်ခြောက်ဆယ်အရွယ် ဖိုးသံခဲက ခြံထွက်ကွမ်းယာကို ခြောက်လုနီးပါရဖြစ်နေတဲ့ ထုံးနဲ့သုတ်လိုက်ပြီး ပါးစပ်ထဲကိုပလုပ်ပလောင်းထိုးထည့်လိုက်တယ်။“ လွန်ခဲ့တဲ့နှစ်၅၀ဆိုတော့ အတော်ကြာခဲ့ပြီပဲ၊ ဒါပေမယ့် ဘာကြောင့်အဲဒီလိုပြောရတာလဲ အဖိုး”မြို့ပေါ်မှာ ကောလိပ်တက်နေရာကနေ ကျောင်းပိတ်ရက် အလည်ပြန်ရောက်လာတဲ့ မြေးဖြစ်သူ ပိုင်မိုးရဲ့စကားကြောင့် ဖိုးသံခဲက ကွမ်းတံတွေးကို ထွေးအင်ထဲ […]

အောင်မြတ်သာနှင့်ညောင်ပင်ထက်ကအဖိုးအို

စာရေးဆရာ -ဇေယန(ရာမည)” ချွတ် ချွတ် ဂျွတ်”ကောက်လှိုင်းတွေကို နင်းလို့ထွက်လာတဲ့အသံကြောင့် မြတ်သူ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ထိုင်ရာကနေထကာကြည့်ကာ” ဆုဝေရယ် ကို စောင့်နေတာကြာပြီ.. ဘာလို့အခုမှထွက်လာတာလဲ”” အို … အဘက ဒီနေ့မှ မအိပ်ပဲ စကားတွေထိုင်ပြောနေလို့ ထွက်မရဖြစ်နေတာ၊ ဘာလဲ အခုထဲက ညိုငြင်နေပြီလား”” ဟား ငြိုငြင်စရာလားကွာ… […]

အောင်မြတ်သာနှင့်အခေါင်းစင်ပေါ်ကကျတ်တစ္ဆေ

စာရေးဆရာ -ဇေယန(ရာမည)ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက် ခြေဦးတည့်ရာကိုယ့်အိမ်ရာဆိုတဲ့အတိုင်း ခရီးထွက်ခဲ့ကြတဲ့အချိန် ငယ်စဉ်က ကျောင်းနေဖက်သူငယ်ချင်းဖြစ်တဲ့ မြင့်ထွန်းနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ကြတယ်။မြင့်ထွန်းက ကျောင်းမပြီးခင်မှာပဲ သစ်ခုတ်တဲ့အလုပ်ထဲခြေစုံပစ်ဝင်ပြီး နယ်တကာလှည့် လျောက်သွားရာကနေ ကျို့ဒုံမြို့သူနဲ့အိမ်ထောင်ကျခဲ့တဲ့အကြောင်းစကားစမြည်ပြောဖြစ်ရင်း ကျွန်တော်ဝတ်ထားတဲ့ ယောဂီဝတ်ထားတဲ့ ယောဂီဝတ်စုံကိုကြည့်ပြီး တစ်စုံတစ်ခုကိုတွေးနေတဲ့ဟန်ကိုမြင်လိုက်ရတယ်။ ဒါကို အကဲခတ်မိတဲ့ ကျွန်တော်က ရေနွေးကြမ်းတစ်ခွက်ကို ဟန်ပါပါသောက်လိုက်ပြီး” ငါ့အလုပ်အကိုင်ကို မင်းသိချင်နေပြီမဟုတ်လား” […]

အောင်မြတ်သာနှင့်ကာမသိဒ္ဓိကျင့်စဉ်

စာရေးဆရာ -ဇေယန(ရာမည)” မြပန်း တစ်ယောက် ရေလာခပ်တာလဲမတွေ့ဘူးနော်”အတန်သင့်ကျယ်ဝန်းတဲ့လက်တူးတွင်းထဲက ရေကိုငင်ရင်းပြောလိုက်တဲ့ အေးကြွယ်ရဲ့စကားကြောင့် လုံချည်စုတ်ကိုခေါင်းခုလုပ်နေတဲ့ မိရင်က” မြပန်း နေမကောင်းဘူးလို့ သူ့အမေ​ပြောတာ ကြားတာပဲ.. တစ်ကိုယ်လုံးအားမရှိသလို ဖြစ်နေလို့ ကြက်စွပ်ပြုတ်လုပ်ပေးနေရတယ်တဲ့”” သူများအမေတွေများ အားကျပါဘိတော်… ကျုပ်တို့အမေတွေနဲ့များကွာပ”မျက်နှာထိမျက်နှာထားနဲ့ပြောလိုက်တဲ့ အေးကြွယ်စကားကြောင့် မိရင်အပါအဝင်ရေလာခပ်ကြတဲ့ အပျိုလေးတွေအားလုံး တခစ်ခစ်နဲ့ရယ်လိုက်ကြတယ်။ဒါကတော့ ရွှေတဆုပ်ရွာရဲ့ ညနေခင်းအလှတရားတစ်ခု။ဒီလိုနဲ့ […]