ပြာကြိုး

တင်ညွန့်ဟိုးရှေးတုန်းက တောင်ခြေရွာလေးတစ်ရွာတွင်ဆင်းရဲသော လယ်သမားနှင့် သူ့မိခင်အို မုဆိုးမကြီး တစ်ဦး နေထိုင်သည်။ သူတို့တွင် လယ်မြေလေးအနည်းငယ်ရှိပြီး၊ ထိုလယ်မြေလေးတွင် စိုက်ပျိုးကာ ရသမျှလေးကို မှီခို၍ သားအမိနှစ်ယောက် ပျော်ရွှင်စွာ နေထိုင်ကြသည်။သားအမိနှစ်ယောက် နေထိုင်သော နယ်မြေကို အုပ်ချုပ်သည့်သူမှာ စစ်သည်မျိုးနွယ်တစ်ဦးဖြစ်ပြီး အာဏာရှင် ဆန်ဆန် စိုးမိုးနေသူတစ်ဦးဖြစ်သည်။ သူစိုးမိုးအုပ်ချုပ်နေသည့် နယ်မြေတွင် […]

စေတနာပဲ့တင်သံ

စေတနာပဲ့တင်သံ (ဝတ္ထုတို)တင်ညွန့်ကျွန်တော် တောကျောင်းကနေ မြို့ကျောင်းကိုပြောင်းလာပေမယ့် မြို့ပေါ်ကျောင်းမှာ နေရတာမဟုတ်ဘူး။ မြို့နဲ့ မနီးမဝေး မူလတန်းကျောင်းလေးကို ရောက်လာတယ်။ လေးတန်းအတန်းပိုင်တာဝန်ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုးလွတ်တဲ့နေရာ ခိုနေကြရတယ်။ကျွန်တော့်လေးတန်းမှာ ကျောင်းသား ၂၄ ယောက်ရှိတယ်။ အဲဒီခေတ်က အုပ်စုလိုက်စစ်ဆိုတော့ အစိုးရစစ် လိုပဲ။ […]

လင်ပျောက်မ

လင်ပျောက်မ (ဝတ္ထုတို)တင်ညွန့်မိခင်က သားလေးလက်ကိုဆွဲလာပြီး ဈေးထဲကိုရောက်လာသည်။ဈေးထဲတွင် လူတွေစည်ကားနေချိန်ဖြစ်သည်။ သားငယ်က မိခင်လက်ကိုဆွဲလာရင်းက“အမေ”“ဘာလဲသား”“သား … ဟို ကောက်ညှင်းပေါင်း စားချင်လို့”“သားရယ် အမေ့မှာ ပိုက်ဆံမရှိသေးဘူး။ မင်းအဖေက ဈေးထဲကိုလာခဲ့ ပိုက်ဆံပေးမယ်ဆိုလို့ လာခဲ့တာ။ မင်း အဖေကို ခုထိ ရှာမတွေ့သေးဘူး”“အမေ … ရေခဲချောင်း စားချင်တယ်”“သား မပူဆာနဲ့ကွယ် […]

အမေ့သတ္တိ

တင်ညွန့်ခေါင်းတွင် အညာတဘက်ပုဝါကြမ်းကို ပတ်ထားသည့်အမေသည် ဆိုက်ကားပေါ်ကဆင်းလိုက်သည်။ ဆိုက်ကားဆရာကို သူ့ဘော်လီအင်္ကျီထဲမှ ရှုံ့ကြိုးလေးဖြင့် ချည်ထားသည့် ပိတ်အိတ်ထဲက ပိုက်ဆံထုတ်ပေး လိုက်သည်။ကျွန်တော်က အမေ့ဆီကိုပြေးသွားပြီး“အမေကလည်း နောက်ကျလိုက်တာ … ကျောင်းတက်နေပြီ”“အေးကွယ် … ဈေးဗန်းကို စောင့်ကြည့်ပေးမယ့်သူမရှိလို့”“လာအမေ … ဆရာမကြီးရုံးခန်းကို သွားရမှာ။ ဟိုရောက်ရင် ဘာမှအထွေအထူးတွေ မပြောနဲ့နော်။ သူတို့ […]

ဘဝပန်းခြံလေးထဲမှာ

တင်ညွန့်ဘိုးဘိုးနှင့် မြေးလေးနှစ်ယောက် လမ်းလျှောက်ထွက်လာကြသည်။ပန်းခြံသို့အရောက်တွင် ထိုင်ခုံတစ်ခုံ၌ ထိုင်လိုက်ကြသည်။ မြေးဖြစ်သူက“ဘိုးဘိုး တစ်ခုလောက် မေးချင်လို့”“မေးလေ”“သမီးမှာ အပေါင်းအသင်းသူငယ်ချင်းတွေ အများကြီးထားဖို့ လိုသလား ဘိုးဘိုး”“အပေါင်းအသင်းဆိုတာတော့ လိုအပ်တာပဲမြေးလေး။ လောကကြီးဆိုတာ ထင်သလောက် ဖြောင့်ဖြူးငြိမ်းချမ်း တာမျိုးတွေ မဟုတ်ဘူးနော်။ ဒါကြောင့် ကိုယ့်ဘေးမှာ ကိုယ်ပြောတာကို နားထောင်ပေးမယ့်သူငယ်ချင်းမျိုး၊ ကိုယ်ငိုတာကို ပွေ့ဖက်ပြီး ပခုံးလေးထိုးပေးမယ့် […]

ခက်ထန်သောမေတ္တာ

ခက်ထန်သောမေတ္တာတင်ညွန့်ကန္တာရကြီးထဲတွင် သစ်ပင်တွေက ဟိုတစ်ကွက် သည်တစ်အုပ်နှင့် ခြောက်သွေ့နေသည်။ နေပူရှိန်က ပြင်းလှသည်။ သစ်ကုလားအုပ်တစ်ကောင် လေးတွဲ့စွာဖြင့် ချုံတစ်ခုကြားက ထွက်လာသည်။ သူ့အရပ်က သစ်ပင်အုပ်ထက် မြင့်မားသည်။သစ်ပင်ချုံထဲကထွက်လိုက်မှ သူ့ကိုဗိုက်ကြီးပူဖောင်းနေကြောင်းသတိထားလိုက်မိသည်။ သူက မြေကြီးတွေကို ခွာဖြင့်ထိုးနေသည်။ မြေမှုန်တွေက လွင့်ပါးသွားသည်။ သစ်ကိုင်းတစ်ကိုင်းကို သူ့လည်ပင်းနှင့်ပွတ်နေပြန်သည်။ ဂနာမငြိမ် ဘာကြောင့်ဖြစ်နေရသနည်း။နောက်မှ အဖြေတွေ့သည်။ […]

တိုက်တိုက်ဆိုင်ဆိုင်

တင်ညွန့် သူတို့ လင်မယား ထမင်းစားရန် ပြင်ဆင်နေကြသည်။ကိုစိန်သောင်းအတွက် ဇနီးဖြစ်သူ မအေးမိစံက ကြက်သားဟင်းကောင်းကောင်း ချက်ပေးထားသည်။ မြန်မာ ကြက်လေးကို ဘူးသီးနုနုလေးနှင့်ရော၍ ကာလသားချက်လေး ချက်ထားပေးခြင်းဖြစ်သည်။“မိန်းမရေ … ဟင်းနံ့ကမွှေးနေတာပဲ … ဆာနေပြီကွာ မြန်မြန်လုပ်ပါတော့”“ပြီးနေပါပြီရှင့် … ထမင်းက ပူနေတုန်းမို့လို့ မခေါ်သေးတာ။ လာလေ … […]

နားထိုင်းရွာကျောင်း (ဝတ္ထုတို)

နားထိုင်းရွာကျောင်း (ဝတ္ထုတို) ရာသီဥတုနှင့် နယ်မြေအနေအထားကြောင့်ထင်သည်။ ဤရွာတစ်ရွာလုံး နားထိုင်းနေကြသည်။သို့သော် သူ့နည်းသူ့ဟန်နှင့် အဆင်ပြေနေကြသည်သာဖြစ်သည်။ကျောင်းတက်ပြီ။ဆရာမက ခေါင်းလောင်းထိုးသည်။ ခေါင်းလောင်းသံကို သူတို့မကြား။သို့သော် ခေါင်းလောင်း အဖြစ်သတ်မှတ်ထားသည့် အမြောက်ဆန်အခေါင်းနှင့် ဆက်ထားသော ကြိုးက ကျောင်းဘေးရှိ မာလကာပင်ကို လှုပ်လျှင် ကျောင်းတက်ပြီ။ကျောင်းတက်လျှင် ကျောင်းထဲကို ဆရာမက ရောက်လာသည်။ဘုရားခန်းတွင် နေရာယူသည်။ကျောင်းသား အားလုံး […]

” မီး ”

” မီး ”တင်ညွန့်မီးသင်္ဂြိုဟ်စက်ထဲကို ဝင်သွားသော အလောင်းကိုကြည့်ကာ သူတို့အားလုံး ငိုနေကြသည်။“ကိုထွန်းခင်ရေ … သွားတော့နော်”မနှင်းမြက ဆွေးဆွေးမြည့်မြည့်လေးပြောလိုက်ကာ မျက်ရည်ကို သုတ်နေသည်။ တံခါးကြီးက “ဂျိုင်း” ခနဲ ပိတ်သွားသည်။ပြီးပြီ၊လူတစ်ယောက်၏ဘဝသည် ပြီးဆုံးသွားပြီ။ သေသူနှင့် ရှင်သူကြားတွင် တံခါးတစ်ချပ် ခြားသွားသည်။ ထို့နောက် မီးခိုးငွေ့တွေ ခေါင်းတိုင်ကထွက်လာသည်။ မနှင်းမြက […]

ငါ့ဘုရားလေး (ဝတ္ထုတို)

ငါ့ဘုရားလေး (ဝတ္ထုတို)တင်ညွန့်ရွာတွင် အပျိုကြီး ဒေါ်အေးစိန်ဆိုသူတစ်ယောက် ရှိသည်။ သူ့ကို ဘုရားတရား အလွန်ကြည်ညိုသူဟု အထင်ခံစေချင်သလို အမှန်တကယ်လည်း ကြည်ညိုစိတ်သန်သဖြင့် ကောင်းမှုကုသိုလ်တွေ ပြုလေ့ရှိပါသည်။ရွာဓလေ့တစ်ခုက သင်္ကြန်အတက်နေ့ညတွင် မိမိတို့အိမ်တွင်ရှိသော ဘုရားဆင်းတုတော်များကို ဘုန်းကြီး ကျောင်း မဏ္ဍပ်အတွင်းရှိ ဘုရားစင်ပေါ်သို့ ပို့ဆောင်ကြရသည်။ဆရာတော် သံဃာတော်များက တစ်ညလုံး ရွတ်ဖတ်ပူဇော်ကြသည်။ နောက်တစ်နေ့ […]