အောင်မြတ်သာနှင့်ဘဝဟောင်းကသံယောဇဉ်

စာရေးဆရာ-ဇေယန(ရာမည)“ ဝူးးးး…..ကျီ…..”အိမ်ရှေ့ကနေ ရုတ်တရက်ထွက်လာတဲ့ ဆင်အော်သံကြောင့် အိပ်ပျော်နေတဲ့ လှလေးစိန်တစ်ယောက် လန့်နိုးလာပြီး အသံကြားရာဘက်ကို ကြည့်လိုက်ရာ လှပတဲ့အဆင်တန်ဆာတွေကိုဆင်ယင်ထားတဲ့ စွယ်စုံဆင်ကြီးတစ်ကောင်ကိုမြင်လိုက်ရတယ်။ဆင်ရဲ့ ကုန်းနှီးပေါ်မှာတော့ တစ်လက်လက်တစ်ဖျက်ဖျက် တောက်ပနေတဲ့ လက်ဝတ်လက်စားတွေကိုဝတ်ဆင်ထားပြီး ဝါဖျော့ဖျော့အရောင်အဝတ်အစားကိုဝတ်ဆင်ထားတဲ့ လူတစ်ယောက်က အမိန့်သားထိုင်ကာ အိမ်ကိုစူးစိုက်ကြည့်နေခဲ့တယ်။“ ဟင် …. ဒီလူကို ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုပဲ ၊ ဘယ်မှာမြင်ဖူးပါလိမ့်”လှလေးစိန်တစ်ယောက် […]

အောင်မြတ်သာနှင့်အာဏာပြင်းစက်အောက်ဘဝဂ်

စာရေးဆရာ -ဇေယန(ရာမည)“ သေချင်လို့လား အဆိပ်မစား ကိုးတိုင်ရွာကိုသွားဆိုတဲ့စကားက လွန်ခဲ့တဲ့နှစ်ပေါင်း(၅၀)လောက်အချိန်က အတော်ကိုထင်ရှားခဲ့တာကွ”အသက်ခြောက်ဆယ်အရွယ် ဖိုးသံခဲက ခြံထွက်ကွမ်းယာကို ခြောက်လုနီးပါရဖြစ်နေတဲ့ ထုံးနဲ့သုတ်လိုက်ပြီး ပါးစပ်ထဲကိုပလုပ်ပလောင်းထိုးထည့်လိုက်တယ်။“ လွန်ခဲ့တဲ့နှစ်၅၀ဆိုတော့ အတော်ကြာခဲ့ပြီပဲ၊ ဒါပေမယ့် ဘာကြောင့်အဲဒီလိုပြောရတာလဲ အဖိုး”မြို့ပေါ်မှာ ကောလိပ်တက်နေရာကနေ ကျောင်းပိတ်ရက် အလည်ပြန်ရောက်လာတဲ့ မြေးဖြစ်သူ ပိုင်မိုးရဲ့စကားကြောင့် ဖိုးသံခဲက ကွမ်းတံတွေးကို ထွေးအင်ထဲ […]

အောင်မြတ်သာနှင့်အခေါင်းစင်ပေါ်ကကျတ်တစ္ဆေ

စာရေးဆရာ -ဇေယန(ရာမည)ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက် ခြေဦးတည့်ရာကိုယ့်အိမ်ရာဆိုတဲ့အတိုင်း ခရီးထွက်ခဲ့ကြတဲ့အချိန် ငယ်စဉ်က ကျောင်းနေဖက်သူငယ်ချင်းဖြစ်တဲ့ မြင့်ထွန်းနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ကြတယ်။မြင့်ထွန်းက ကျောင်းမပြီးခင်မှာပဲ သစ်ခုတ်တဲ့အလုပ်ထဲခြေစုံပစ်ဝင်ပြီး နယ်တကာလှည့် လျောက်သွားရာကနေ ကျို့ဒုံမြို့သူနဲ့အိမ်ထောင်ကျခဲ့တဲ့အကြောင်းစကားစမြည်ပြောဖြစ်ရင်း ကျွန်တော်ဝတ်ထားတဲ့ ယောဂီဝတ်ထားတဲ့ ယောဂီဝတ်စုံကိုကြည့်ပြီး တစ်စုံတစ်ခုကိုတွေးနေတဲ့ဟန်ကိုမြင်လိုက်ရတယ်။ ဒါကို အကဲခတ်မိတဲ့ ကျွန်တော်က ရေနွေးကြမ်းတစ်ခွက်ကို ဟန်ပါပါသောက်လိုက်ပြီး” ငါ့အလုပ်အကိုင်ကို မင်းသိချင်နေပြီမဟုတ်လား” […]

အောင်မြတ်သာနှင့်ကာမသိဒ္ဓိကျင့်စဉ်

စာရေးဆရာ -ဇေယန(ရာမည)” မြပန်း တစ်ယောက် ရေလာခပ်တာလဲမတွေ့ဘူးနော်”အတန်သင့်ကျယ်ဝန်းတဲ့လက်တူးတွင်းထဲက ရေကိုငင်ရင်းပြောလိုက်တဲ့ အေးကြွယ်ရဲ့စကားကြောင့် လုံချည်စုတ်ကိုခေါင်းခုလုပ်နေတဲ့ မိရင်က” မြပန်း နေမကောင်းဘူးလို့ သူ့အမေ​ပြောတာ ကြားတာပဲ.. တစ်ကိုယ်လုံးအားမရှိသလို ဖြစ်နေလို့ ကြက်စွပ်ပြုတ်လုပ်ပေးနေရတယ်တဲ့”” သူများအမေတွေများ အားကျပါဘိတော်… ကျုပ်တို့အမေတွေနဲ့များကွာပ”မျက်နှာထိမျက်နှာထားနဲ့ပြောလိုက်တဲ့ အေးကြွယ်စကားကြောင့် မိရင်အပါအဝင်ရေလာခပ်ကြတဲ့ အပျိုလေးတွေအားလုံး တခစ်ခစ်နဲ့ရယ်လိုက်ကြတယ်။ဒါကတော့ ရွှေတဆုပ်ရွာရဲ့ ညနေခင်းအလှတရားတစ်ခု။ဒီလိုနဲ့ […]

အောင်မြတ်သာနှင့်ပျောက်ကွယ်နေသောဘုရားကျောင်း

စာရေးဆရာ – ဇေယန(ရာမည)“ရွှေညောင်ပင်မြို့မှကြိုဆိုပါ၏”ဆိုတဲ့ ဆိုင်းဘုတ်နားရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက် ခေတ္တအနားယူခဲ့ကြတယ်။အုပ်ဆိုင်းမှိုင်းညို့နေတဲ့ ညောင်ပင်တွေ မြို့အဝင်ဝမှာတန်းစီပေါက်ရောက်နေတာမို့ ရွှေညောင်ပင်မြို့ဆိုပြီးနာမည်တွင်တယ်လို့ ပြောကြသလို၊ ဒီမြို့ကို စတင်တည်ထောင်ခဲ့တဲ့ ဟိန္ဒူလူမျိုးတစ်ဦးက သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ညောင်ပင်တွေအောက်မှာ​မြုပ်နှံသွားရာကနေ ရွှေညောင်ပင်မြို့ဆိုပြီး အမည်တွင်လာတယ်လို့လဲဆိုစမှတ်ရှိခဲ့ကြတယ်။ရွှေညောင်ပင်မြို့မှာတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံစုဝေးနေထိုင်ကြပြီး အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းလဲမရှိသလောက်ရှားပါးခဲ့တယ်။ သီတင်းကျွတ်ပွဲတော်၊ ဒီပါဝလီပွဲတော်အစရှိတဲ့ ဘာသာရေးပွဲတော်များကျင်းပတဲ့အခါမှာလဲ သူ့ဘာသာ ကိုယ့်လူမျိုးခွဲခြားမှုမရှိပဲ […]

အောင်မြတ်သာနှင့်လက်ပြတ်သရဲ

စာရေးဆရာ -ဇေယန(ရာမည)” နေညိုချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနံဘေးမှာ…. စာဥတို့သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ.. သီချင်းလေးသံသာ မရောက်တာကြာပီ မတွေ့တာကြာပြီ…သတိရလိုက်တာစာဥရယ်” ဆိုတဲ့သီချင်းကို ကျော်လှ တစ်ယောက် ခံစားချက်အပြည့်နဲ့ဆိုနေရင်း စားကျက်ဘက်ကို လှမ်းကြည့်လိုက်တယ်။” ဟာ … ငနက်ပြာ တစ်ကောင် အဖွဲ့ကနေ ထွက်သွားပြန်ပီ .. ဒီကောင်ကို လိုက်ရှာရတာလဲ […]

 ဘွားမယ်စိန်နှင့်ဗိုက်ကြီးသည်အလောင်း

ရွာအမည်က ရွာသစ်ကြီးဖြစ်သည်။ထိုရွာသစ်ကြီးရွာရဲ့နံဘေး၌တောင်ကြီးတစ်လုံးလည်းရှိနေခဲ့သည်။ထိုတောင်ပေါ်သို့ ရွာသစ်ကြီး နဲ့နီးစပ်ရာရွာများကထင်းခုတ်၊ဝါးခုတ် တက်လေ့ရှိကြသည်။ရွာထဲ၌ တောင်သူလယ်သမားများရှိသလိုတောတက်၍ ထင်းခုတ်၊ဝါးခုတ်ဖြင့်ဝမ်းရေးဖြေရှင်းနေက သူများကလည်းရှိလေသည်။“အောင်မဲ…ဟေ့အောင်မဲ…”ကလေးတစ်ယောက်က အောင်မဲဟုအော် ခေါ်နေသည်။အောင်မဲကတော့ လောက်စာလုံးများအလုံးမပြတ်ပဲထိုင်နေခဲ့၏။အောင်မဲရဲ့အမည်ရင်းက အောင်စိုးဖြစ်သည်။သို့သော်သူ့ရဲ့မဲနေသော အသားအရေကို စနောက်ချင်ကြ၍ အောင်စိုးမှ အောင်မဲဟုသာခေါ်နေကြလေရာအမည်ရင်းကိုမေ့ပြီး အောင်မဲဟုသာ အခေါ်များကြသည်။အောင်မဲရဲ့အသက်က ရှိလှ ဆယ့်သုံးနှစ်သာသာအရွယ်ဖြစ်သည်။အောင်မဲ၌ မိဘဟူ၍ အမေဖြစ်သူသာရှိသည်။အောင်မဲရဲ့အဖေက အောင်မဲတို့သားအမိကို ထားရစ်ကာရွာထဲမှလင်ရှိ အမျိုးသမီးတစ်ဦးကိုခိုးယူပြေးသွားပြီးနောက် […]

ဘွားမယ်စိန်နှင့် လင်သူတော်မယားစုန်းမ

ဘွားမယ်စိန်နှင့် လင်သူတော်မယားစုန်းမရှင်ညိုတစ်​ယောက်လွယ်အိတ်ကြီးကိုလွယ်ပြီးရွာလမ်းအတိုင်းလျှော​က်လာခဲ့သည်။“ရှင်ညို…ဘယ်သွားမို့လို့လဲအေ့…”ရှင်ညိုနဲ့ လမ်းမှာဆုံ၍မေးကြသူများကိုရှင်ညိုက မမြင်၊မကြားဟန်ဖြင့် လှည့်၍မဖြေဘဲသူ့လမ်းသူသာ ဆက်လျှောက်သွားခဲ့သည်။“ရှင်ညိုကိုကြည့်ရတာ တစ်မျိုးပဲအေ့…စိတ်များဆိုးနေသလားမသိဘူးနော်…”“ဟုတ်မယ်အေ့…ငါတို့မေးတာကိုတောင်မမြင်ဟန်ဆောင်သွားတာဆိုတော့ တစ်ခုခု ဖြစ်နေပုံရတယ်”ရွာသူတို့က ရှင်ညိုအကြောင်းပြောရင်းရွာလမ်းမအထက်၌ကျန်ရစ်ခဲ့ကြသည်။ရှင်ညိုသည်က ရွာအပြင်ဘက်ရှိ တမာတန်းဆီကိုသာထွက်လာခဲ့တော့၏။“ဟူးး….”တမာပင်အောက်မှာထိုင်ရင်း ရှင်ညိုသက်ပြင်းချမိသည်။“မမရှင်ညို…”“ဟော…ပိန်သေးမ…ဒါဘယ်သွားဆော့မလို့တုန်းအေ့…”“ကျုပ်က မမရှင်ညိုကိုတွေ့လို့လိုက်လာတာ…”“ဟင်…ဒါဖြင့် ရွာထဲကနေလိုက်လာတာပေါ့…ပြောစမ်းပါဦး…ညည်းက အစ်မနောက်ကိုဘာကြောင့်လိုက်လာရတာလဲအေ့”“မမရှင်ညိုကို စိတ်မချလို့ပေါ့တော်…”“အစ်မကိုစိတ်မချလို့ ဟုတ်လား”ပိန်သေးမက ရှင်ညိုရဲ့အမေးကိုပြုံး၍ခေါင်းညိတ်ပြလေသည်။“အရီး…ကျုပ်တို့ကိုခေါ်တယ်ဆို”မောင်တိုးနဲ့မောင်အုန်းကို နန်းကြိုင်က သွားခေါ်လာခဲ့သည်။အရေးကြီးတယ်ဆိုလို့ မောင်တိုးတို့လည်းချက်ချင်းပင်လိုက်လာခဲ့ကြရှာ၏။“ဟောဗျာ…လေးလေးလည်းရောက်နေတာပဲဗျ…”ဒေါ်ဝင်းကိုမေးနေကြရင်းမှဘေးကိုကြည့်လိုက်တော့ဘွားမယ်စိန်နဲ့ကွပ်ပျစ်ခင်းမှာအတူထိုင်နေခဲ့တဲ့ဘိုးကြည်ကို မောင်တိုးတို့တွေ့သွားခဲ့သည်။“အေး…ငါ့တူတို့နေကောင်းကြတယ်နော်…”“ကောင်းပါတယ်လေးလေး…”ဘိုးကြည်ရောက်နေတာကိုမြင်တော့ မောင်တိုးတို့လည်းအခြေအနေကိုနားလည်သွား၏။“နင်တို့ညီမကို သွားရှာစမ်းပါဦးဟယ်…အကျိုးအကြောင်းပြောမယ်လုပ်တုန်း […]

ဘွားမယ်စိန်နှင့် ထိန်ပင်စောင့်ဖိုးနီ

စာမူ…၂၅၀စဆုံး“အရီးရေ…အရီး…ကျုပ်တို့လာတယ်နော်…”“ဟယ်…ဆောင်းသဇင်နဲ့ခင်မြချစ်တို့ပါလား…လာ…လာ…ငါ့တူမတို့လာထိုင်ကြဦး…”ဆောင်းသဇင်နဲ့ခင်မြချစ်တို့ လက်ချင်းချိတ်ပြီးရောက်လာခဲ့ကြသည်။“အရီး…ရှင်ညိုရော ပြန်မလာသေးဘူးလားတော့်”“အမယ်လေး…ညည်းတို့ ညီမပြန်လာမယ့်ပုံမရသေးပါဘူးအေ…သူ့အဘွားဒေါ်ရှိန်က ကျန်းမာလာပေမယ့်သူ့မြေးကို မပြန်ခိုင်းသေးဘူးတဲ့အေ”“ရှင်ညိုလေးလည်း…အခုမှပဲ သူ့ဘဝလေးပြည့်စုံသွားသလိုခံစားမိတယ်အရီးရယ်…”ခင်မြချစ်စကားကြောင့် နံဘေးမှာထိုင်နေတဲ့ နန်းကြိုင်ရဲ့မျက်နှာက သိသိသာသာပျက်ယွင်းသွားသည်။ဒေါ်ဝင်းက ခင်မြချစ်ကိုမှေးငေါ့ပြလိုက်လေမှမိမိစကားမှားသွားသည်ကို သတိထားမိလိုက်လေသည်။“ဟို…ဟိုလေ…အရီး…”“ကဲ… ခင်မြချစ် ညည်းစေတနာကိုအရီးသိပါတယ်အေ…ညည်းလည်းရှင်ညိုကို ချစ်သလို…ကျုပ်တို့တွေကလည်း ရှင်ညိုကိုချစ်ပါတယ်အေ့…ဒါပေမယ့် ညည်းညီမ ရှင်ညိုကတော့ သူ့ညီမလေးနန်းကြိုင်ကိုပိုပြီးချစ်ရှာတာ…အခုလည်း ​သူ့ညီမစိတ်ဆိုးနေမှာစိုးလို့.သူပြန်လာမယ့်အကြောင်းအသေအချာကိုမှာလိုက်ရှာပါတယ်အေ…သူလည်း ချက်ချင်းပြန်လာဖို့ ခက်နေလို့ပါအေ”“ဟုတ်တယ်နော်အရီး…ကျုပ်တွေ့မိသလောက်ကတော့ရှင်ညိုက နန်းကြိုင်လေးကိုအတော်ချစ်တာ…သူ့ညီမကိုမျက်စိအောက်က ကိုအပျောက်မခံနိုင်ဘူးထင်တယ်”“ဟုတ်ပါ့…ဟုတ်ပါ့…သူ့ညီမအတွက်ဆိုအသက်တောင်ပေးဝံ့တဲ့သူပါအေ…ကဲ…ကဲ…ညည်းတို့ ထိုင်နေကြဦး…အရီးလက်ဖက်လေးသွားသုပ်ပေးမယ်…”“လက်ဖက်သုပ်ဆိုရင် […]

ဘွားမယ်စိန်နှင့် သောကစံအိမ်

စဆုံး တစ်ရက်၌ဘွားမယ်စိန်၏နေအိမ်ဆီသို့ သူကြီးဦးနောင်ချိုနဲ့ ဧည့်သည်တစ်ဦးတို့အတူရောက်လာခဲ့ကြသည်။“ဘွား…သူ့ကိုမှတ်မိရဲ့လားဗျ…”ဟု…သူကြီးဦးနောင်ချိုက ဧည့်သည်အမျိူးသမီးကိုလက်ညိုးထိုး၍ဘွားမယ်စိန်ကိုမေးလေသည်။ဘွားမယ်စိန်ကဧည့်သည်အမျိူးသမီးကိုသေချာကြည့်သည်။အဝတ်အစားသားသားနားနားဖြင့် အမျိုးသမီးကိုကြည့်ရင်း ဘွားမယ်စိန်စဥ်းစားရခက်နေခဲ့၏။“ဘွား…သူက မိညွှန့်လေဗျာ…ကျုပ်ညီမတစ်ဝမ်းကွဲ မိညွှန့်ဗျ…မြို့သားနဲ့ညားလို့ရွာကိုပြန်မလာတာအတော်ကြာပြီဆိုတော့…ဘွားလည်းမမှတ်မိတော့တာထင်ပါတယ်…”“မိညွှန့်…ညည်းကမိညွှန့်ပေါ့…အေးအေ..ဘွားလည်းညည်းငယ်ရုပ်ကိုမနည်းဖမ်းနေရတယ်…ရုပ်တွေကပြောင်းသွားတာကိုးအေ့…မြို့သူကြီးကိုဖြစ်လို့အေ…..”ဟု…ဘွားမယ်စိန်ကပြောတော့ ဒေါ်ညွှန့်က ပြုံး၍ခေါင်းညိတ်သည်။“မမဝင်းကောဘယ်သွားလဲအဘွား….မတွေ့မိပါလား…”“ညည်းအစ်မသူ့သမီးတွေနဲ့ရွာထဲထွက်သွားတယ်အေ့…”“သမီးတွေဆိုတော့ မမဝင်းကအိမ်ထောင်ကျသွားပြီပေါ့…ဘယ်သူနဲ့များယူလိုက်တာလဲဘွားရဲ့”“မိညွှန့်ရယ်…နင့်အစ်မက အိမ်ထောင်မကျပါဘူးဟ…အခုထိအပျိုကြီးပါပဲ…သမီးတွေဆိုတာသူမွေးစားထားတဲ့သမီးတွေကိုပြောတာပါဟာ”“​သြော်…မသိပါဘူးတော်…မမဝင်းများအိမ်ထောင်ကျသွားသလားလို့”ဒေါ်ညွှန့်စကားကို ဘွားမယ်စိန်ကပြုံးလေသည်။“မိညွှန့်…နင့်လာရင်းကိစ္စဘွားကိုပြောလိုက်တော့လေ…အချိန်ဆွဲမနေနဲ့ဟ”“ကျုပ်လည်းဘယ်ကစပြောရမှန်းမသိလို့ပေါ့အစ်ကိုရယ်…တော်ပဲပြောပေးစမ်းပါ”“ဟ…နင့်လောက်တော့ငါကပြောတတ်ပါ့မလား…နင်က ကာယကံရှင်လေဟာ…”သူကြီးဦးနောင်ချိုနဲ့ဒေါ်ညွှန့်တို့မောင်နှမ ပြောတာများကိုနားထောင်ရင်း ဘွားမယ်စိန်မှ…“ဘာများဖြစ်ကြလို့လဲ…ကဲကွယ်…ဟိုလူ့လွှဲချ…ဒီလူ့လွှဲချလုပ်မနေကြစမ်းပါနဲ့…မိညွှန့်…ညည်းပဲပြောစမ်းပါအေ…”ဟု…ဒေါ်ညွှန့်အားပြောခိုင်းလေသည်။ဒေါ်ညွှန့်မှာ အရင်ဆုံးသက်ပြင်းချ၏။ပြီးလေတော့မှ…“ကျုပ်တို့အိမ်မှာ ပြဿနာတက်နေလို့ပါဘွားရယ်…”ဟု…ပြောရှာသည်။“ပြဿနာ…ဘာပြဿနာများလဲအေ့”“မြို့ကအိမ်မှာ ကျုပ်နဲ့ ကျုပ်ယောကျ်ားဦးကျော်ကျော်ရယ်အသက်၂၅အရွယ် သားလေး ကျော်ဦးတို့ရယ်အတူနေကြတာပါဘွား…အခု အဲ့သည်အိမ်မှာပဲ ပြဿနာတွေတက်နေတာပါ…”ဒေါ်ညွှန့်ပြောတာကို […]