ဘွားမယ်စိန်နှင့်မြစိမ်းရောင်မိန်းကလေးအချိန်က ညနေစောင်းနေလေပြီ။ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ထုကတစတစနဲ့ ဖုံးလွှမ်းလို့လာခဲ့၏။ရွာအလယ်ပိုင်းက မြေနေရာလွတ်၌ဆော့ကစားနေကြကလေးငယ်များရဲ့အသံကလည်းယနေ့မှာဖြင့် တိတ်ဆိတ်လို့နေခဲ့သည်။ဒါ့အပြင် သက်ရွယ်ကြီးရင့်သူတို့ရဲ့ ဘုရားရှိခိုးသံ…စကားပြောသံတို့ပင် ထွက်ပါ်လာခြင်းမရှိတာကပို၍ထူးဆန်းလို့နေခဲ့သည်။“ရှင်ညို…ငါ့တူမ…”အရီးအေးမိက ရှင်ညိုနေတဲ့အခန်းထဲကို ဝင်လာခဲ့သည်။“အရီးတို့ရွာတော့ ဘာတွေဖြစ်နေပြီလဲမသိဘူးမနေ့ညကလည်း ရွာထဲမှာလမ်းလျှောက်သံတွေကြားတယ်တဲ့…ထွက်ကြည့်တဲ့သူက ကြည့်တော့လည်းဘယ်သူ့ကိုမှမတွေ့ဘူးတဲ့ရှင်ညို”အရီးအေးမိပြောနေတဲ့စကားကို ရှင်ညိုတစ်ယောက်ငေးမောရင်း နားထောင်နေခဲ့သည်။အရီးအေးမိစကားများက ရှင်ညိုနားထဲသို့ မဝင်ခဲ့ပေ။“ရှင်ညို…အရီးပြောတာကိုကြားရဲ့လား…ညည်း နေများမကောင်းဘူးလားအေ…မျက်တွင်းတွေကလည်းညိုလို့ပါလား”ရှင်ညိုရဲ့မျက်လုံးများက အိပ်မပျော်သူတစ်ယောက်အလားညိုမဲလျက်ရှိသည်။“ရှင်ညို…အရီးပြောတာကိုကြားရဲ့လားကောင်မလေး”အရီးအေးမိက ရှင်ညိုပုခုံးကို ဆွဲကိုင်လှုပ်၍မေးတော့…“ဟင်…အရီး…အရီးဘယ်တုန်းကရောက်နေတာလဲ”“ရှင်ညို…သတိထားစမ်း…ညည်းဘာတွေဖြစ်နေတာလဲ…နေမကောင်းဘူးလားရှင်ညို”“ကျုပ်…ကျုပ်နေကောင်းပါတယ်…”“သေချာရဲ့လားအေ…ညည်းကြည့်ရတာငေးငေးငိုင်ငိုင်နဲ့အရီးတော့ စိတ်ပူလာပြီအေ…”“ရ….ရပါတယ်အရီး…ကျုပ်ဘာမှမဖြစ်ပါဘူး”“ဟင်း……တစ်ခုခုဆိုရင်အရီးကိုပြောပြပါရှင်ညိုရယ်…တို့ရွာထဲလည်း တစ်ခုခုဖြစ်တော့မယ်ထင်တယ်…လူကြီးတွေက မိုးချုပ်တာနဲ့ […]
အရီးမယ်ခ (စ/ဆုံး)
အရီးမယ်ခ (စ/ဆုံး)ရေးသားသူ…တာတေတာတေရေးခဲ့တဲ့ ‘စုန်းမ’ဝတ္ထုထဲမှာ အရီးမယ်ခအကြောင်းကို ဖတ်ဖူးခဲ့ကြမှာပါ။ ကျုပ်တို့ ထနောင်းကုန်းက ပညာသည်ကြီးပေါ့ဗျာ။ ဟိုတုန်းက စုန်းဆိုတာ သေချာသွားရင် ရွာပြင်ထုတ်ကြတယ်လို့ ကျုပ်ကြားဖူးတယ်။အရီးမယ်ခကတော့အလိုက်သိတဲ့အနေနဲ့ မြောက်ပိုင်းက အစွန်ဆုံးဝိုင်းမှာ တစ်ယောက်တည်းသွားနေတာဗျ။အရီးက ရွာထဲကို အသွားအလာလည်း မလုပ်ဘူးဗျ။ ရွာထဲကလူတွေကလည်း အရီးကိုအဆက်အဆံမလုပ်ကြဘူး။ အရီးမယ်ခအိမ်ကိုအိမ်အဝင်အထွက်ရှိတာဆိုလို့ တာတေတစ်ယောက်ပဲ ရှိတာဗျ။ အရီးကလည်း […]
အောင်မြတ်သာနှင့်လူသားစားသောဖုတ်
အောင်မြတ်သာနှင့်လူသားစားသောဖုတ် +++++++++++++++++++++++ငွေမျှင်ရောင်အလင်းတွေဖြာကျနေတဲ့ လပြည့်ညတစ်ညမှာတော့ အင်ကုန်းသုဿာန်ထဲကနေ မြေကြီးတူးသံ တဒုတ်ဒုတ်ထွက်ပေါ်လာခဲ့တယ်။“အခေါင်းပေါ်ပီလား”“ မပေါ်သေးဘူးဆရာ…”“ မြန်မြန်တူးပါဟ…အချိန်နောက်ကျလို့မရဘူး”လွယ်အိတ်တစ်လုံးလွယ်ထားပြီး ဆေးတံခဲနေတဲ့ လူရဲ့စကားကြောင့် မြေကျင်းထဲမှာရှိနေတဲ့လူက ပေါက်တူးကို အားကုန်လွှဲကာ ပေါက်ချလိုက်တယ်။ အချက်နှစ်ဆယ်လောက် ပေါက်ပြီးချိန်မှာတော့“ ဒုတ် ဒုတ်”“ အခေါင်းပေါ်ပီဆရာ.. အဖုံးဖွင့်လိုက်ရတော့မလား”“ မဖွင့်နဲ့ဦး… ကန်တော့ပွဲမှာ ဖယောင်းတိုင် ထွန်းလိုက်ဦးမယ်”ဆရာဖြစ်သူက မြေစာပုံဘေးမှာ […]
အင်းသရဲတစ်ပွဲစားကြီးလုံထော်
အင်းသရဲတစ်ပွဲစားကြီးလုံထော်(စ/ဆုံး)နေဝန်းနီကြီးက အနောက်ဘက်တောင်တန်းကြီးပေါ်မေးတင်နေလေပြီ။ မကြာခင်မှာ တစ်ညတာခွဲခွာရဦးမှာမို့ ကမ္ဘာသူ ကမ္ဘာ့သားတို့အားနှုတ်ဆက်နေသည့် သဘောပင်။ကျုပ် သာဒင်တစ်ယောက်မှာတော့ ပုန်းကွယ်တော့မည့်နေဝန်းနီကြီးကို တစ်လှည့် အရပ်ရှစ်မျက်နှာကိုတစ်လှည့် တစ်လှည့်စီ တစ်လှည့်စီ မျှော်ကြည့်ရင်းနဲ့ကျုပ်စိတ်တွေ မောလာတယ်ဗျ။ခြေမျက်စိသာသာ ရေပြင်ကြီးထဲကိုမပြေးရုံ လျှောက်လှမ်းနေရတဲ့ ခြေထောက်အစုံကလည်း အတော်ညောင်းလာလေပြီတစ်ခါ တစ်ခါ နွံထဲ၌ ခြေကျွံသွားသဖြင့်လဲမသွားအောင် သတိထား၍ လျှောက်လှမ်းနေရသည်။ ကျုပ် […]