စာရေးဆရာ – ဇေယန(ရာမည)“ရွှေညောင်ပင်မြို့မှကြိုဆိုပါ၏”ဆိုတဲ့ ဆိုင်းဘုတ်နားရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက် ခေတ္တအနားယူခဲ့ကြတယ်။အုပ်ဆိုင်းမှိုင်းညို့နေတဲ့ ညောင်ပင်တွေ မြို့အဝင်ဝမှာတန်းစီပေါက်ရောက်နေတာမို့ ရွှေညောင်ပင်မြို့ဆိုပြီးနာမည်တွင်တယ်လို့ ပြောကြသလို၊ ဒီမြို့ကို စတင်တည်ထောင်ခဲ့တဲ့ ဟိန္ဒူလူမျိုးတစ်ဦးက သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ညောင်ပင်တွေအောက်မှာမြုပ်နှံသွားရာကနေ ရွှေညောင်ပင်မြို့ဆိုပြီး အမည်တွင်လာတယ်လို့လဲဆိုစမှတ်ရှိခဲ့ကြတယ်။ရွှေညောင်ပင်မြို့မှာတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံစုဝေးနေထိုင်ကြပြီး အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းလဲမရှိသလောက်ရှားပါးခဲ့တယ်။ သီတင်းကျွတ်ပွဲတော်၊ ဒီပါဝလီပွဲတော်အစရှိတဲ့ ဘာသာရေးပွဲတော်များကျင်းပတဲ့အခါမှာလဲ သူ့ဘာသာ ကိုယ့်လူမျိုးခွဲခြားမှုမရှိပဲ […]
အောင်မြတ်သာနှင့်စစ်ထွက်ဘုရား
စာရေးဆရာ -ဇေယန(ရာမည)” ဒူ………..”ဟန်ပါပါမာန်ပါပါနဲ့ထုလိုက်တဲ့အောင်စည် အောင်မောင်း အသံက စကားစမြည်ပြောနေကြတဲ့ စစ်သည်တွေအားလုံးကို သတိဝင်စေခဲ့တယ်။ မကြာခင်မှာပဲ အုန်းခွံရောင်မြင်းတစ်ကောင်ကိုစီးပြီး ချပ်ဝတ်ဆန်ဆာတွေဝတ်ဆင်ထားတဲ့ တပ်မှူးတစ်ယောက် ရောက်လာကာ တန်းစီနေကြတဲ့ စစ်သည်တွေရဲ့မျက်နှာကို တစ်စိုက်မတ်မတ် ကြည့်ရှုနေခဲ့တယ်။အတန်ကြာလှည့်ပတ်ကြည့်ရှုပြီးချိန်မှာတေငာ့ မြင်းဇက်ကြိုးကိုဆွဲကာရပ်လိုက်ပြီး” ညီနောင်တို့ ငါတို့ဟာ မကြာခင် ကျူးကျော်သူတွေရဲ့ရန်ကို ခုခံတိုက်ခိုက်ကြရတော့မှာဖြစ်တယ်။ မင်းတရားကြီးကလဲ ရန်သူတွေကို […]
အောင်မြတ်သာနှင့်လက်ပြတ်သရဲ
စာရေးဆရာ -ဇေယန(ရာမည)” နေညိုချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနံဘေးမှာ…. စာဥတို့သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ.. သီချင်းလေးသံသာ မရောက်တာကြာပီ မတွေ့တာကြာပြီ…သတိရလိုက်တာစာဥရယ်” ဆိုတဲ့သီချင်းကို ကျော်လှ တစ်ယောက် ခံစားချက်အပြည့်နဲ့ဆိုနေရင်း စားကျက်ဘက်ကို လှမ်းကြည့်လိုက်တယ်။” ဟာ … ငနက်ပြာ တစ်ကောင် အဖွဲ့ကနေ ထွက်သွားပြန်ပီ .. ဒီကောင်ကို လိုက်ရှာရတာလဲ […]
ဆင်ဖြူကျွန်းအောင်သိန်း
အိုးကိုလျက်သည့်ခွေး၊ မျိုးကိုဖျက်သည့်ပွေး“အမေ့စကားကို နားမထောင်လို့ ခုလိုဖြစ်တာ သားရဲ့။ အမေ ပြောစကသာ အမေ့စကား နားထောင်ခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး”အမေသည် ဆူပူတတ်လေ့ မရှိ။ အိုးခွက်ပန်းကန်ကို ဆောင့်ချ၊ ဟိုမာန် သည်မဲ စသည်များကိုလည်း အမေ လုပ်လေ့မရှိ။သို့ဖြစ်ငြား ပြောမိပြီဆိုလျှင် လေအေးကလေးဖြင့် ဆက်ကာဆက်ကာ စီကာပတ်ကုံး ပြောလေတော့သည်။ယခုလည်း ပွေးထောင်ချောက် […]
အမေ့သတ္တိ
တင်ညွန့်ခေါင်းတွင် အညာတဘက်ပုဝါကြမ်းကို ပတ်ထားသည့်အမေသည် ဆိုက်ကားပေါ်ကဆင်းလိုက်သည်။ ဆိုက်ကားဆရာကို သူ့ဘော်လီအင်္ကျီထဲမှ ရှုံ့ကြိုးလေးဖြင့် ချည်ထားသည့် ပိတ်အိတ်ထဲက ပိုက်ဆံထုတ်ပေး လိုက်သည်။ကျွန်တော်က အမေ့ဆီကိုပြေးသွားပြီး“အမေကလည်း နောက်ကျလိုက်တာ … ကျောင်းတက်နေပြီ”“အေးကွယ် … ဈေးဗန်းကို စောင့်ကြည့်ပေးမယ့်သူမရှိလို့”“လာအမေ … ဆရာမကြီးရုံးခန်းကို သွားရမှာ။ ဟိုရောက်ရင် ဘာမှအထွေအထူးတွေ မပြောနဲ့နော်။ သူတို့ […]
ဘဝပန်းခြံလေးထဲမှာ
တင်ညွန့်ဘိုးဘိုးနှင့် မြေးလေးနှစ်ယောက် လမ်းလျှောက်ထွက်လာကြသည်။ပန်းခြံသို့အရောက်တွင် ထိုင်ခုံတစ်ခုံ၌ ထိုင်လိုက်ကြသည်။ မြေးဖြစ်သူက“ဘိုးဘိုး တစ်ခုလောက် မေးချင်လို့”“မေးလေ”“သမီးမှာ အပေါင်းအသင်းသူငယ်ချင်းတွေ အများကြီးထားဖို့ လိုသလား ဘိုးဘိုး”“အပေါင်းအသင်းဆိုတာတော့ လိုအပ်တာပဲမြေးလေး။ လောကကြီးဆိုတာ ထင်သလောက် ဖြောင့်ဖြူးငြိမ်းချမ်း တာမျိုးတွေ မဟုတ်ဘူးနော်။ ဒါကြောင့် ကိုယ့်ဘေးမှာ ကိုယ်ပြောတာကို နားထောင်ပေးမယ့်သူငယ်ချင်းမျိုး၊ ကိုယ်ငိုတာကို ပွေ့ဖက်ပြီး ပခုံးလေးထိုးပေးမယ့် […]
ခက်ထန်သောမေတ္တာ
ခက်ထန်သောမေတ္တာတင်ညွန့်ကန္တာရကြီးထဲတွင် သစ်ပင်တွေက ဟိုတစ်ကွက် သည်တစ်အုပ်နှင့် ခြောက်သွေ့နေသည်။ နေပူရှိန်က ပြင်းလှသည်။ သစ်ကုလားအုပ်တစ်ကောင် လေးတွဲ့စွာဖြင့် ချုံတစ်ခုကြားက ထွက်လာသည်။ သူ့အရပ်က သစ်ပင်အုပ်ထက် မြင့်မားသည်။သစ်ပင်ချုံထဲကထွက်လိုက်မှ သူ့ကိုဗိုက်ကြီးပူဖောင်းနေကြောင်းသတိထားလိုက်မိသည်။ သူက မြေကြီးတွေကို ခွာဖြင့်ထိုးနေသည်။ မြေမှုန်တွေက လွင့်ပါးသွားသည်။ သစ်ကိုင်းတစ်ကိုင်းကို သူ့လည်ပင်းနှင့်ပွတ်နေပြန်သည်။ ဂနာမငြိမ် ဘာကြောင့်ဖြစ်နေရသနည်း။နောက်မှ အဖြေတွေ့သည်။ […]
ဘွားမယ်စိန်နှင့်မင်္ဂလာရှိတဲ့နေ့
ဘွားမယ်စိန်နှင့်မင်္ဂလာရှိတဲ့နေ့ ဘွားမယ်စိန်တို့သည် အောက်လမ်းဂိုဏ်းကို ရှင်းလင်းပြီးနောက် သောင်ထွန်းရွာသို့ ပြန်ရောက်လာခဲ့ကြ၏။ဘပုံက ရွာသို့ပြန်လိုက်ပို့ပေးဖို့ ပြောသွားသည့်အတိုင်းမြယဥ်ကိုလည်း သောင်ထွန်းရွာသို့ အတူခေါ်လာခဲ့ကြသည်။“မြယဥ်…စလင်းရွာမှာမြယဥ် တစ်ယောက်ထဲနေတတ်ပါ့မလား”ဒေါ်ဝင်း သုပ်ပေးထားသောလက်ဖက်သုပ်လေးကိုအကြမ်းရည်ပူပူလေးဖြင့် စားနေသော မြယဥ်သည်ရှင်ညိုရဲ့စကားကြောင့် စားလက်စလက်ဖက်ဇွန်းလေးအားပန်းကန်ထဲသို့အသာအယာပင်ပြန်ချလိုက်တော့သည်။ရှင်ညိုစကားကို ပြန်မဖြေခင်မှာ မြယဥ်ကပြုံးလိုက်သည်။ရှင်ညိုတင်မက ဒေါ်ဝင်းနဲ့နန်းကြိုင်တို့ကလည်းမြယဥ်ဖြေမည့်အဖြေကို စိတ်ဝင်စားနေခဲ့ကြ၏။“ကျုပ် အဆင်ပြေပါတယ် အစ်မရှင်ညို”မြယဥ်အသံက တိုးလျလို့နေခဲ့သည်။တစ်စပ်တည်း…“ကျုပ် ရွာကိုပြန်ခဲ့ရင် အစ်မစံပယ်ကိုတော့သတိရမိမှာအမှန်ပါပဲ…”“မြယဥ်ကို ကိုယ်ချင်းစာပါတယ်…အစ်မလည်းကြုံဖူးတာပေါ့မြယဥ်ရယ်…ကိုယ်ချစ်ရတဲ့သူခေါင်းချသွားတဲ့နေရာမှာကိုယ့်တစ်ယောက်ထဲ […]
ဘွားမယ်စိန်နှင့် တမာတန်းကအဘွားအို
ဘွားမယ်စိန်နှင့် တမာတန်းကအဘွားအို မိုးများကတဖြိုက်ဖြိုက်ရွာသွန်းလို့ကောင်းနေခဲ့သည်။သောင်ထွန်းရွာအပြင်ရှိ လယ်ကွင်းများမှာလည်းရေများကတဖွေးဖွေးဖြစ်လို့နေ၏။တစ်မိုက်သာသာရှိသေးတဲ့ကောက်ပင်စိမ်းစိမ်းများကလည်းကွင်းပြင်တစ်ခုလုံး၌ စိမ်းလန်းလို့နေခဲ့သည်။“ရှင်ညို…ခမောက်ကြီးဆောင်းပြီးဘယ်ကိုသွားမလို့တုန်းအေ့”ထဘီကို ခပ်တိုတိုပြင်ဝတ်ထားပြီး ဝါးခမောက်ကို ကောက်ဆောင်းနေသည့်ရှင်ညိုကို မိုးအေးအေးဖြင့် အကြမ်းရည်သောက်နေသည့် ဒေါ်ဝင်းကမေးလိုက်ခြင်းပင်။“ကျုပ်တို့ စိုက်ကွက်မှာ စိုက်ဖို့ကျန်သေးတယ်လေအရီးရဲ့…အဲ့တာ လေးလေးတို့ကိုသွားကူပေးမလို့”“ဟယ်…ညည်းလုပ်နေကြလည်းမဟုတ်ပါဘူး…မသွားစမ်းပါနဲ့ရှင်ညိုရယ်…ညည်းလေးလေး ကကောက်စိုက်သမတွေ ငှားထားပါတယ်အေ့”“ဘယ်ဖြစ်မလဲအရီးရယ်…ကျုပ်လည်းကူရမှာပေါ့…နောက်ပြီး အိမ်ထဲမှာနေရတာလည်းပျင်းလှတယ်…ကဲ…ကဲ…ကျုပ်သွားပြီနော်…အဘွား ကျုပ်သွားပြီ”“ဟဲ့…ရှင်ညို…ဟဲ့…သြော်…တားမရပါလားအမေရယ်”ဒေါ်ဝင်းက ရှင်ညိုကိုတားနေပါသော်လည်းရှင်ညိုက ခမောက်ကိုဆောင်းပြီးသည်နှင့် အိမ်ထဲမှလစ်ခနဲထွက်သွားတော့သည်။ဘွားမယ်စိန်နဲ့နန်းကြိုင်တို့ကတော့ အကြမ်းရေလေးသောက်ရင်း ကွပ်ပျစ်၌ထိုင်နေခဲ့ကြ၏။“အမေ…ကျုပ်ပြောတာကိုကြားရဲ့လားတော့်…”“ကြားပါတယ် မိဝင်းရယ်…အမေတို့တားလည်း သွားမယ့်သူကိုဘာကိစ္စတားနေရဦးမှာလည်း…ဒီလယ်တွေယာတွေဆိုတာကလည်းညည်းတို့ငါတို့မရှိရင်သူတို့ပဲ […]
ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုရဲ့သွေးသားရင်းချာ
ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုရဲ့သွေးသားရင်းချာဤဇာတ်လမ်းသည် တမာတန်းမှအဘွားအိုရဲ့ဇာတ်လမ်းအဆက်ဖြစ်ပါတယ်ရှင်။မောင်တိုးတစ်ယောက်ယောက်ဖဖြစ်သူခင်မောင်ချစ်ကိုလှည်းအထက်၌တင်ဆောင်၍အင်ကြင်းမြိုင်ရွာသို့ ခရီးထွက်လာခဲ့သည်။ခရီးထွက်လာခြင်းသည်က အမေရှိန်ဆိုသောအဘွားအိုရဲ့ဇစ်မြစ်ကို သိရှိဖို့ဖြစ်၏။“ယောက်ဖ…နွားမောင်းတာများကွာ…အဆင်ကိုချောလို့ဟေ့”“နွားမောင်းတာဘာများခက်လို့လဲ ယောက်ဖကြီးရဲ့”“ခက်တယ်…မခက်ဘူးကိုပြောနေတာမဟုတ်ပါဘူးကွာ…ငါ့ယောက်ဖ လှည်းမောင်းတာနွားတွေကိုအတော်ညှာတာ တာပဲ…လှည်းလမ်းကြောင်းနဲ့တစ်သားထဲ မောင်းတတ်တာတော့ကျုပ်ဖြင့် မချီးကျုးဘဲမနေနိုင်ဘူးဟေ့…”“ကိုယ့်ငါးချဥ်ကိုယ်ချဥ်နေပြန်ပြီယောက်ဖရာ…”ခင်မောင်ချစ်စကားကြောင့် မောင်တိုးတစ်ယောက်ကျေနပ်ပြုံးကြီးဖြင့်နွားလှည်းမောင်းလာခဲ့သည်။“ဒါနဲ့…နေစမ်းပါဦးယောက်ဖရ…အဲ့သည် အမေရှိန်ဆိုတဲ့အဘွားကြီးက…ငါတို့ မြင်းသွားဝယ်တုန်းက တွေ့ခဲ့တဲ့အဘွားကြီးဆိုတာသေချာရဲ့လား”“သေချာပါတယ်ဗျာ…ကျုပ်ဒီအဘွားကြီးမျက်နှာကို မှတ်မိတယ်ဗျ…”“ဟုတ်မှလည်းပြောနော်ယောက်ဖ…ငါတို့မြင်းသွားဝယ်တာအတော်ကြာနေပြီကွ…မြင်းတောင် ငါမကြိုက်လို့သူများကိုပြန်ရောင်းလိုက်ပြီလေကွာ…”“သေချာပါတယ်ဆိုဗျာ…ဘာလဲ ယောက်ဖက ကျုပ်ကိုမယုံကြည်တာလား”“အဲ့သည်လိုလည်းမဟုတ်ရပါဘူးကွာ…ငါတို့အလာကြီး လာပြီးမှ အဖျားရှုးသွားမှာစိုးလို့ပါ…”“အဲ့သည်လိုတော့ မဖြစ်စေရပါဘူးဗျာ…စိတ်သာချထားလိုက်…ကျုပ်ဘက်ကသေချာပါတယ်ဗျ…”မောင်တိုးစကားကို ခင်မောင်ချစ်လည်း ခေါင်းညိတ်လက်ခံလိုက်ရတော့သည်။သို့သော် မောင်တိုးစကားမှန်ပါစေဟုလည်း စိတ်ထဲ၌ကြိတ်၍သာဆုတောင်းနေခဲ့တော့၏။“နွားကြီးတွေက […]