သန်းခေါင်ယံဆိုက်ကား (ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)(၁)၂၀၀၀ ပြည့်လွန်နှစ်များခန့်ဖြစ်သည်။ညကောင်းကင်ထက်မှာ လခြမ်းကွေးကွေးကလေးက ကြယ်တွေမစုံမလင်နှင့်တောက်ပနေသည်။ မြစ်ပြင်ကျယ်ကြီးကလဲ လရောင်နှင့် တဖြပ်ဖြပ်လက်နေကြသည်။ ကိုဆောင်းကတော့ ထိုမြစ်ပြင်ကြီးကိုကြည့်ရင်း စိတ်ကူးထဲအတွေးပေါင်းစုံ တွေးနေမိသည်။“ဘူ၊ ဘော်”တွေးနေရင်း သင်္ဘောဥဩသံကြီးကို ကြားလိုက်ရတော့မှ ကိုဆောင်းလဲအသိပြန်ဝင်လာသည်။ ထို့နောက် ဆိုက်ကားကိုတွန်းရင်း ဆိပ်ကမ်းဘက်သို့ထွက်လာခဲ့သည်။ သူတို့ဆိုက်ကားဂိတ်ကလေးမှ ဆိုက်ကားများကလဲ အားလုံးဆိပ်ကမ်းဆီသို့လာခဲ့ကြသည်။ ဧရာဝတီမြစ်အတိုင်းစုန်ဆင်းလာသည့် […]