မင်းဟန်အဝေးပြေးကားစီးလာရင်းအတွေးနယ်ချဲ့ လာသည်ကားမထွက်ခင်ပြောလိုက်သော
သူ၏ချစ်လှစွာသောမယားငယ်စကားအားကြားယောင်နေမိပြန်သည်။
””’ရှင်ကျွန်မဆီကယူသွားတဲ့သနပ်ခါးတုံးတွေကို—-ရှင့်အမေပေးမယ်ဆိုလ့ိုပေးလိုက်တာ—–အကယ်၍များရှင့်မယားကြီးပေးလို့ကတော့—–သနပ်ခါးလိမ်းတဲ့နေရာယားပြီးအဖုတွေထွက်လာလိမ့်မယ်—–မယုံရင်စမ်းကြည့်လိုက်လေ”””
သနပ်ခါးတုံးတွေမယားငယ်ဆီကယူလာတုန်းကတော့မယားကြီးပေးရန်ဖြစ်သည်မယားငယ်ကအကင်းပါးသည်
တစ်ကယ်တော့မင်းဟန်တွင်မယားနှစ်ယောက်ရှိနေသည်ပန်းရံခေါင်းဆောင်လုပ်သော
မင်းဟန်ကသူ့အလုပ်ထဲမှပန်းရံလာဆင်းသောတင်တင်ဆိုသောမိန်းကလေးနှင့်
ခိုးရာလိုက်ပြေးလာခြင်းဖြစ်သည်အမှန်တော့သူတို့နှစ်ယောက်လုံးတွင်အိမ်ထောင်ကိုယ်ဆီရှိနေသည်။
မယားကြီးနှင့်ဝေးရာမြို့တွင်နေရင်းမင်းဟန်ပထမတော့သာယာနေသည်
နောက်တော့မယားငယ်အားသူတဖြေးဖြေးကြောက်၍လာမိသည်။
သူယူထားသောမယားငယ်သည်ပါးစပ်ကကျိန်လိုက်တိုင်းဖြစ်၍နေသည်ကိုသူသတိထားလာမိသည်။
တစ်နေ့တွင်မင်းဟန်အလုပ်လုပ်သောဆိုက်ထဲမှသဌေးကမင်းဟန်တို့အုပ်စုအားဘောက်ဆူးပေးလိုက်သည်။
သူတို့အုပ်စုဘယ်ပြောကောင်းမလဲအရက်ဆိုင်ကောင်းကောင်းတွင်အမြည်းကောင်းကောင်းနှင့်အဝဆွဲလိုက်တာ
သဌေးပေးတဲ့ဘောက်ဆူးအပြင်ရှိသမျှပိုက်စံကလေးပါအဆစ်ပါသွားခဲ့လေသည်။
မိုးအတော်ချူပ်မှအိမ်သို့သိုင်းကွက်နင်းကာပြန်လာသောမင်းဟန်ကိုမယားငယ်ကပိုက်စံဆီးတောင်းလိုက်သည်။
””’ကဲပါလာတဲ့ပိုက်စံပေး——အကြွေးပေးစရာရှိတယ်””
””ကုန်ပြီ—တပြားမှမပါလာတော့ဘူး””
ထိုအခါသူ့မိန်းမသည်အလွန်ဒေါသထွက်စွာဖြင့်သူ့အားကျိန်လိုက်သည်။
””ရှင့်အရက်သောက်ပြီးနေထမင်းမစားနဲ့—–ရှင့်အရည်တွေတညလုံးရှိသမျှအပေါက်ကအန်ပြီးမအိပ်ရပါစေနဲ့တော်—–””
သူမိန်းမကျိန်စာသည်အလွန်ပင်စွမ်းသည်လားမသိပါမင်းဟန်တစ်ယောက်အထက်လန်အောက်ရှောဖြစ်ကာ
တညလုံးမအိပ်ရပဲနောက်တစ်နေ့ဆေးခန်းရောက်သွားလေသည်။
ဒါဟာတိုက်ဆိုင်လို့ဖြစ်တယ်ထင်ထားပေမဲ့နောက်တစ်ခါသူမိန်းမနဲ့သူနဲ့စကားများပြန်ရာကျိန်ပြန်သည်။
ဒီတစ်ခါတော့သူငယ်ချင်းတစ်ယောက်ကိုငွေချေးလိုက်တာပြန်မရ၍ထမင်းစားရင်းရန်ဖြစ်ကြတာဖြစ်သည်။
””ရှင်အဲလောက်ချစ်နေရင်သူ့နှမယူထားပါလားးးးးးးးဒါမှမဟုတ်ရှင့်နှမပေးထားပါလားးးးး””’
မယားငယ်စကားကြောင့်သူဒေါသထွက်ကာစားနေသောထမင်းစာပွဲအားလှန်ပစ်လိုက်သည်။
””ဝုန်း”ထမင်းပွဲမှောက်၍ထမင်းဟင်းများဖွာလန်ကျဲသွားလေသည်။
သူဒေါသဖြစ်ဖြစ်နှင်အိမ်ကထွက်လာခဲ့သည်ကြာကြာနေရင်လက်ပါမှာစိုးရသည်။
သို့ပေမဲ့သူမိန်းမရဲ့ကျယ်လောင်သောကျိန်လိုက်သံကသူ့နောက်ကပ်ပါလာသည်။
””ရှင့်ကအိမ်ထမင်းမစားချင်တော့—-ရှင့်ယောက်ဖနဲ့ထောင်ထမင်းထောင်ဟင်းသွားစားကြပေါ့””’
အဲဒီညကသူနှင့်သူ့သူ့ငယ်ချင်းဆိုက်ထဲကပစ္စည်းများပျောက်မှု့ဖြင့်အဖမ်းခံရသည်။
ဘုမသိဘမသိဖြင့်အချူပ်ထဲ၃ရက်၄ရက်လောက်နေပြီးမှခိုးတဲ့သခိုးမိလေသည်။
မယားငယ်ကျိန်သလိုအချူပ်ထဲကကြွေးသောထောင်ထမင်းဟင်းစားလိုက်ရသည်။
မင်းဟန်အဲဒီကထဲကမယားငယ်ကျိန်မှာကြောက်နေမိသည်သူများကိုကျိန်လဲသူကျိန်နေသလိုဖြစ်နေတတ်သည်။
” ”’ ( )မြို့ရောက်ပါပြီဆင်းမဲ့ခရီးသည်များထွက်ထားကြပါ””’
ကားစပယ်ယာအသံကြောင့်သူအတွေးပြတ်သွာသည်။
ဒီလိုနဲ့သူဆင်းရမဲ့မြို့ရောက်တာနဲ့မယားကြီးဆီတန်းသွားသည်သူ့တွင်သမီးလေးလဲရှိနေသေးသည်မဟုတ်လား
သံယောစဉ်ကအမျှင်တန်းတယ်ပြောပြောသူနောင်တရချင်နေပေမဲ့ဝေခွဲရခက်နေသည်။
သူမယားကြီးအားတောင်းပန်၍သမီးကိုခေါ်ကာသူ့အမေအိမ်ခဏသွားလိုက်သည်။
သူပြန်လာတော့သနပ်ခါးအဖွေးသားနဲ့မယားကြီးအားတွေ့လိုက်ရသည်။
””ကိုမင်းဟန်ရှင့်အိတ်ထဲကသနပ်ခါးတုံးတွေကကျွန်မအတွက်မဟုတ်လားးးးးးအဲဒါကျွန်မသွေးလိမ်းလိုက်တယ်မွှေးသား””’
မယားကြီးစကားကြောင့်သူလန့်သွားမိသည်ဒီသနပ်ခါးတုံးကိုမယားငယ်ကျိန်စာတိုက်လိုက်တာ
သွားသတိရမိသည်သူလဲအမေအိမ်ယူသွားဘို့မေ့သွားခြင်းဖြစ်သည်ဒါပေမဲ့ဘာမှမဖြစ်လောက်လို့သူထင်သည်။
ညဘက်မှာတော့မင်ဟန်ထင်တာလွဲနေသည်မယားကြီးမျက်နှာတစ်ခုလုံးယားသည်ဆိုကာကုတ်နေသည်။
””မင်းဟန့်—-ရှင့်သနပ်ခါးကဘာတွေလဲယားလိုက်တာ””
””’မင်းနဲ့မတည့်ဘူးထင်တယ်မျက်နှာမြန်မြန်သွားသစ်လိုက်ပါလား”””
သူ့မိန်းမလဲမျက်နှာအပြေးအလွှားသစ်ပေမဲ့ခဏအတွင်းပင်မျက်နှာတစ်ခုလုံးအင်ပြင်လို
အဖုတွေအပိန့်တွေထွက်လာကာနီရဲမို့အစ်၍လာသည်မှာကြောက်စရာပင်ကောင်းတော့သည်။
မင်းဟန်လဲအတော်လန့်သွားသည်သူ့မယားငယ်ကိုအစွမ်းကိုလဲအထင်မသေးရဲ
ဒါနဲ့မိုးလင်းတော့မယားကြီးအားဆေးခန်းသွားပြရသည်ဒါပေမဲ့သိပ်မသက်သာတာကြောင့်
အရေပြားအထူးကုဆီပြေးရပြန်သည်နောက်ဆုံးအထက်လမ်းဆရာကြီးတစ်ဦးဆီရောက်သွားကြသည်။
အထက်လမ်းဆရာကြီးကသူတို့လင်မယားအားအရင်ဘုရားရှိခိုးကာအာရုံခံကြည့်ရာဝယ်
””’အော်မင်းတို့ကအနာတစ်ခြားဆေးတခြားဖြစ်နေတာကွ—-‘တကယ်တော့မင်းယူထားတဲ့မယားငယ်ဟာ——ဝမ်းတွင်းစုန်းတစ်ယောက်ပဲကွဲ့——
——သူပြောတာကျိန်တာတွေကတကယ်ဖြစ်နေတဲ့ဝမ်းတွင်းစုန်းအာဏာစက်သူ့မှာပါနေတယ်——မင်းကဝမ်းတွင်းစုန်းနဲ့မှသွားပတ်သတ်မိသကိုးးးး——-”””
”’ ဒါဆိုကျွန်တော်ဘာဆက်လုပ်ရမလဲဆရာ—–ကျွန်တော်သူ့ကိုဆက်မပေါင်းရဲတော့ဘူးးး—–ကျွန်တော့်ကိုကယ်ပါအုံးဆရာ—””
””အဲဒါမင်းအတွက်အိမ်ထောင်ရေးဖောက်ပြန်သူရဲ့သင်ခန်းစာပဲကွ—–ဝမ်းတွင်းစုန်းတွေကသူတို့ဝမ်းတွင်းစုန်းဖြစ်မှန်း—-
သိတဲ့သူရှိသလိုမသိတဲ့သူလဲရှိတယ်——–မင်းမယားငယ်ကမသိဘူးဆိုရင်ငါ့ဆီခေါ်လာခဲ့ငါသူ့ပညာကိုလူ ခိုင်းလိုက်မယ်”””’
””မဟုတ်ရင်မင်းမှာအန္တရယ်အကြီးကြီးဖြစ်နိုင်တယ်””’
ထိုဆရာကြီးဆေးကြောင့်မယားကြီးသက်သာပျောက်ကင်းသွားပေမဲ့မင်းဟန်စိတ်မအေးနိုင်ပေ
နောက်တစ်နေ့ညတွင်မင်းဟန်ထံသို့မယားငယ်ဖုန်းဆက်သည်အသံကမကျေနပ်သံ
””ရှင်ပြောတော့ရှင့်အမေအိမ်ခဏပြန်မှာဆို—–တစ်ပတ်၁၀ရက်ဆိုအခုတော့—–ရှင့်မယားကြီးနဲ့အကြည့်စိုက်နေတယ်ပေါ့—–ရှင်၃ရက်အတွင်းပြန်မလာရင်ကျွန်မအဆိုးမဆိုနဲ့”’
””အေးပါကွာ—အေးပါ””
မင်းဟန်မယားစကားကြားတော့မပြန်ပဲမနေရဲပေပြန်မှဖြစ်မည်မဟုတ်ရင်ဘာဖြစ်မလဲမတွေးရဲပေ
ဒီလိုနဲ့မင်းဟန်မယားငယ်ဆီပြန်လာရင်းတွေးလာမိသည်မယားငယ်အားဆရာကြီးဆီချော့ခေါ်သွားကာ
သူ့ပညာတွေလူ ခိုင်းမှသူနဲ့မယားငယ်ဇတ်လမ်းအေးမည်သူလဲအန္တရယ်ကင်းမည်ဖြစ်သည်။
သို့ပေမဲ့မယားငယ်သည်သူထင်သလိုမဟုတ်ပေဘယ်လိုမှစည်းရုံး၍ခေါ်မရပေ
ပတ်ဝန်းကျင်ကလူများကလဲသူ့မယားငယ်အားဝေးဝေးကရှောင်လာကြသည်။
သူမနှင့်ရန်ဖြစ်သူတိုင်းသူမကျိန်သလိုဖြစ်နေကြသည့်အတွက်ကွယ်ရာတွင်
မိစ္ဆာမလို့ခေါ်နေကြသလိုအာကြမ်းလျှာကြမ်းအလွန်နိုင်သဖြင့်မင်းဟန်တောင်ရန်မဖြစ်အောင်ရှောင်နေရသည်။
သူ့မယားငယ်ကလဲသူမအားလူတွေကြောက်ကြသည်ကိုအလွန်သဘောကျနေပုံရသည်
သူမပညာအားစွန့်လွှတ်ဘို့ပြော၍ရမည်မထင်သူမ~သိသလား~မသိသလား~မသိပေမဲ့
ပြောပြလိုက်မှပိုဆိုးသွားမှာသူကြောက်မိသည်ထိုင်နေအကောင်းသားထသွားမှကျိူ းမှန်းသိဆိုသလိုဖြစ်မှာစိုးသည်။
ကိုယ်ရှုးကိုယ်ပတ်ဆိုသလိုမယားငယ်ဆီကလွတ်လမ်းကလဲမမြင်ပေဘာလုပ်ရမှန်းမသိ
တစ်နေ့သူ့မယားငယ်သည်သူမအဖေဆုံး၍တခြားနယ်သိုပြန်ရလေသည်။
ထိုအခါမင်းဟန်ကအလုပ်အကြောင်းပြကာကျန်နေခဲ့လိုက်သည်သူ့စိတ်ထဲအလွန်ပျော်နေသည်
သူမယားငယ်မရှိတုန်းမယားကြီးဆီအပြေးသွားရန်စိတ်ကူးမိသည်အထက်လမ်းဆရာဆီလဲသွား၍
အကျိူ းအကြောင်းပြောပြကာသူအတွက်ကျိန်စာလွတ်ရန်အကာအကွယ်တောင်းမည်ဟုအကြံနှင့်ဖြစ်သည်။
သူ့မယားငယ်အိမ်ကထွက်ပြီးမကြာခင်သူလဲအိမ်ကထွက်ကာမယားကြီးဆီအပြေးပြန်လေသည်။
ကံဆိုးချင်တော့အရေးကြီးပစ္စည်းမေ့ကျန်ခဲ့၍အိမ်ပြန်ယူသောမယားငယ်သည်အိမ်ရောက်သော်
တံခါးပိတ်ထား၍မင်းဟန်အလုပ်ထဲလိုက်သွားရာခွင့်ယူသွားသည်ဆို၍ဒေါသဖြစ်ကာကျိန်လိုက်လေသည်။
””ငါ့ကိုလိမ်တဲ့အကောင်——လမ်းသွားရင်းကားမှောက်သေပါစေတော်—”’ ‘
ထိုသိုကျိန်ပြီးဒေါနှင့်မောနှင့်ထွက်သွားသောမင်းဟန်မိန်းမအားအလုပ်ထဲကလူများစိတ်ပျက်စွာကြည့်ရင်းကျန်ခဲ့လေသည်။
နောက်တစ်နေ့မှာတော့မင်းဟန်စီးသွားသောကားသည်လမ်းတွင်မှောက်၍မင်းဟန်တစ်ယောက်
နေရာတွင်ပွဲချင်းပြီးဆုံးသွားသည်ဆိုသောသတင်းပင်ဖြစ်လေသည်။
မင်းဟန်မယားငယ်ဆီကရာသက်ပန်လွတ်မြောက်သွားပြီဖြစ်သည်။
သို့ပေမဲ့သူမှာလွတ်မြောက်ရန်လမ်းမရှိသောနေရာလဲရှိနေသည်ကိုသူမသိရှာပေ
ပြီး
D Moe Moe