ဘွားမယ်စိန်နှင့်မင်္ဂလာရှိတဲ့နေ့ ဘွားမယ်စိန်တို့သည် အောက်လမ်းဂိုဏ်းကို ရှင်းလင်းပြီးနောက် သောင်ထွန်းရွာသို့ ပြန်ရောက်လာခဲ့ကြ၏။ဘပုံက ရွာသို့ပြန်လိုက်ပို့ပေးဖို့ ပြောသွားသည့်အတိုင်းမြယဥ်ကိုလည်း သောင်ထွန်းရွာသို့ အတူခေါ်လာခဲ့ကြသည်။“မြယဥ်…စလင်းရွာမှာမြယဥ် တစ်ယောက်ထဲနေတတ်ပါ့မလား”ဒေါ်ဝင်း သုပ်ပေးထားသောလက်ဖက်သုပ်လေးကိုအကြမ်းရည်ပူပူလေးဖြင့် စားနေသော မြယဥ်သည်ရှင်ညိုရဲ့စကားကြောင့် စားလက်စလက်ဖက်ဇွန်းလေးအားပန်းကန်ထဲသို့အသာအယာပင်ပြန်ချလိုက်တော့သည်။ရှင်ညိုစကားကို ပြန်မဖြေခင်မှာ မြယဥ်ကပြုံးလိုက်သည်။ရှင်ညိုတင်မက ဒေါ်ဝင်းနဲ့နန်းကြိုင်တို့ကလည်းမြယဥ်ဖြေမည့်အဖြေကို စိတ်ဝင်စားနေခဲ့ကြ၏။“ကျုပ် အဆင်ပြေပါတယ် အစ်မရှင်ညို”မြယဥ်အသံက တိုးလျလို့နေခဲ့သည်။တစ်စပ်တည်း…“ကျုပ် ရွာကိုပြန်ခဲ့ရင် အစ်မစံပယ်ကိုတော့သတိရမိမှာအမှန်ပါပဲ…”“မြယဥ်ကို ကိုယ်ချင်းစာပါတယ်…အစ်မလည်းကြုံဖူးတာပေါ့မြယဥ်ရယ်…ကိုယ်ချစ်ရတဲ့သူခေါင်းချသွားတဲ့နေရာမှာကိုယ့်တစ်ယောက်ထဲ […]
ဘွားမယ်စိန်နှင့် တမာတန်းကအဘွားအို
ဘွားမယ်စိန်နှင့် တမာတန်းကအဘွားအို မိုးများကတဖြိုက်ဖြိုက်ရွာသွန်းလို့ကောင်းနေခဲ့သည်။သောင်ထွန်းရွာအပြင်ရှိ လယ်ကွင်းများမှာလည်းရေများကတဖွေးဖွေးဖြစ်လို့နေ၏။တစ်မိုက်သာသာရှိသေးတဲ့ကောက်ပင်စိမ်းစိမ်းများကလည်းကွင်းပြင်တစ်ခုလုံး၌ စိမ်းလန်းလို့နေခဲ့သည်။“ရှင်ညို…ခမောက်ကြီးဆောင်းပြီးဘယ်ကိုသွားမလို့တုန်းအေ့”ထဘီကို ခပ်တိုတိုပြင်ဝတ်ထားပြီး ဝါးခမောက်ကို ကောက်ဆောင်းနေသည့်ရှင်ညိုကို မိုးအေးအေးဖြင့် အကြမ်းရည်သောက်နေသည့် ဒေါ်ဝင်းကမေးလိုက်ခြင်းပင်။“ကျုပ်တို့ စိုက်ကွက်မှာ စိုက်ဖို့ကျန်သေးတယ်လေအရီးရဲ့…အဲ့တာ လေးလေးတို့ကိုသွားကူပေးမလို့”“ဟယ်…ညည်းလုပ်နေကြလည်းမဟုတ်ပါဘူး…မသွားစမ်းပါနဲ့ရှင်ညိုရယ်…ညည်းလေးလေး ကကောက်စိုက်သမတွေ ငှားထားပါတယ်အေ့”“ဘယ်ဖြစ်မလဲအရီးရယ်…ကျုပ်လည်းကူရမှာပေါ့…နောက်ပြီး အိမ်ထဲမှာနေရတာလည်းပျင်းလှတယ်…ကဲ…ကဲ…ကျုပ်သွားပြီနော်…အဘွား ကျုပ်သွားပြီ”“ဟဲ့…ရှင်ညို…ဟဲ့…သြော်…တားမရပါလားအမေရယ်”ဒေါ်ဝင်းက ရှင်ညိုကိုတားနေပါသော်လည်းရှင်ညိုက ခမောက်ကိုဆောင်းပြီးသည်နှင့် အိမ်ထဲမှလစ်ခနဲထွက်သွားတော့သည်။ဘွားမယ်စိန်နဲ့နန်းကြိုင်တို့ကတော့ အကြမ်းရေလေးသောက်ရင်း ကွပ်ပျစ်၌ထိုင်နေခဲ့ကြ၏။“အမေ…ကျုပ်ပြောတာကိုကြားရဲ့လားတော့်…”“ကြားပါတယ် မိဝင်းရယ်…အမေတို့တားလည်း သွားမယ့်သူကိုဘာကိစ္စတားနေရဦးမှာလည်း…ဒီလယ်တွေယာတွေဆိုတာကလည်းညည်းတို့ငါတို့မရှိရင်သူတို့ပဲ […]
ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုရဲ့သွေးသားရင်းချာ
ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုရဲ့သွေးသားရင်းချာဤဇာတ်လမ်းသည် တမာတန်းမှအဘွားအိုရဲ့ဇာတ်လမ်းအဆက်ဖြစ်ပါတယ်ရှင်။မောင်တိုးတစ်ယောက်ယောက်ဖဖြစ်သူခင်မောင်ချစ်ကိုလှည်းအထက်၌တင်ဆောင်၍အင်ကြင်းမြိုင်ရွာသို့ ခရီးထွက်လာခဲ့သည်။ခရီးထွက်လာခြင်းသည်က အမေရှိန်ဆိုသောအဘွားအိုရဲ့ဇစ်မြစ်ကို သိရှိဖို့ဖြစ်၏။“ယောက်ဖ…နွားမောင်းတာများကွာ…အဆင်ကိုချောလို့ဟေ့”“နွားမောင်းတာဘာများခက်လို့လဲ ယောက်ဖကြီးရဲ့”“ခက်တယ်…မခက်ဘူးကိုပြောနေတာမဟုတ်ပါဘူးကွာ…ငါ့ယောက်ဖ လှည်းမောင်းတာနွားတွေကိုအတော်ညှာတာ တာပဲ…လှည်းလမ်းကြောင်းနဲ့တစ်သားထဲ မောင်းတတ်တာတော့ကျုပ်ဖြင့် မချီးကျုးဘဲမနေနိုင်ဘူးဟေ့…”“ကိုယ့်ငါးချဥ်ကိုယ်ချဥ်နေပြန်ပြီယောက်ဖရာ…”ခင်မောင်ချစ်စကားကြောင့် မောင်တိုးတစ်ယောက်ကျေနပ်ပြုံးကြီးဖြင့်နွားလှည်းမောင်းလာခဲ့သည်။“ဒါနဲ့…နေစမ်းပါဦးယောက်ဖရ…အဲ့သည် အမေရှိန်ဆိုတဲ့အဘွားကြီးက…ငါတို့ မြင်းသွားဝယ်တုန်းက တွေ့ခဲ့တဲ့အဘွားကြီးဆိုတာသေချာရဲ့လား”“သေချာပါတယ်ဗျာ…ကျုပ်ဒီအဘွားကြီးမျက်နှာကို မှတ်မိတယ်ဗျ…”“ဟုတ်မှလည်းပြောနော်ယောက်ဖ…ငါတို့မြင်းသွားဝယ်တာအတော်ကြာနေပြီကွ…မြင်းတောင် ငါမကြိုက်လို့သူများကိုပြန်ရောင်းလိုက်ပြီလေကွာ…”“သေချာပါတယ်ဆိုဗျာ…ဘာလဲ ယောက်ဖက ကျုပ်ကိုမယုံကြည်တာလား”“အဲ့သည်လိုလည်းမဟုတ်ရပါဘူးကွာ…ငါတို့အလာကြီး လာပြီးမှ အဖျားရှုးသွားမှာစိုးလို့ပါ…”“အဲ့သည်လိုတော့ မဖြစ်စေရပါဘူးဗျာ…စိတ်သာချထားလိုက်…ကျုပ်ဘက်ကသေချာပါတယ်ဗျ…”မောင်တိုးစကားကို ခင်မောင်ချစ်လည်း ခေါင်းညိတ်လက်ခံလိုက်ရတော့သည်။သို့သော် မောင်တိုးစကားမှန်ပါစေဟုလည်း စိတ်ထဲ၌ကြိတ်၍သာဆုတောင်းနေခဲ့တော့၏။“နွားကြီးတွေက […]
ဘွားမယ်စိန်နှင့်ဗိုက်ကြီးသည်အလောင်း
ရွာအမည်က ရွာသစ်ကြီးဖြစ်သည်။ထိုရွာသစ်ကြီးရွာရဲ့နံဘေး၌တောင်ကြီးတစ်လုံးလည်းရှိနေခဲ့သည်။ထိုတောင်ပေါ်သို့ ရွာသစ်ကြီး နဲ့နီးစပ်ရာရွာများကထင်းခုတ်၊ဝါးခုတ် တက်လေ့ရှိကြသည်။ရွာထဲ၌ တောင်သူလယ်သမားများရှိသလိုတောတက်၍ ထင်းခုတ်၊ဝါးခုတ်ဖြင့်ဝမ်းရေးဖြေရှင်းနေက သူများကလည်းရှိလေသည်။“အောင်မဲ…ဟေ့အောင်မဲ…”ကလေးတစ်ယောက်က အောင်မဲဟုအော် ခေါ်နေသည်။အောင်မဲကတော့ လောက်စာလုံးများအလုံးမပြတ်ပဲထိုင်နေခဲ့၏။အောင်မဲရဲ့အမည်ရင်းက အောင်စိုးဖြစ်သည်။သို့သော်သူ့ရဲ့မဲနေသော အသားအရေကို စနောက်ချင်ကြ၍ အောင်စိုးမှ အောင်မဲဟုသာခေါ်နေကြလေရာအမည်ရင်းကိုမေ့ပြီး အောင်မဲဟုသာ အခေါ်များကြသည်။အောင်မဲရဲ့အသက်က ရှိလှ ဆယ့်သုံးနှစ်သာသာအရွယ်ဖြစ်သည်။အောင်မဲ၌ မိဘဟူ၍ အမေဖြစ်သူသာရှိသည်။အောင်မဲရဲ့အဖေက အောင်မဲတို့သားအမိကို ထားရစ်ကာရွာထဲမှလင်ရှိ အမျိုးသမီးတစ်ဦးကိုခိုးယူပြေးသွားပြီးနောက် […]
ဘွားမယ်စိန်နှင့် ဗိုက်ကြီးသည်မရဲ့ အငြိုး
ဘွားမယ်စိန်တို့ ရွာသစ်ကြီးရွာသို့ ရောက်လာခဲ့ကြသည်။ ရွာထဲသို့ သူကြီးဦးအောင်ချစ်တို့နွားလှည်းဝင်လာခဲ့သည်နှင့် အားလုံးက ဘွားမယ်စိန်တို့ကိုအထူးအဆန်းသဖွယ်လိုက်ကြည့်နေကြသည်။သူကြီးတို့နဲ့အတူပါလာ၍ စိတ်ဝင်စားကြဟန်လည်းရပေသည်။“သူကြီး…ဘယ်ကနေပြန်လာတာလဲဗျ…”“ဧည့်သည်တွေသွားခေါ်လာတော့ဟေ့…နောက်မှပြောတော့မယ်…ဧည့်သည်တွေကိုအရင်နေရာချပေးရဦးမယ်…”သူကြီးဦးအောင်ချစ်က ရွာသားတွေကို ခပ်တိုတိုသာပြန်ဖြေလေတော့ မည်သူကမှထပ်မမေးလာတော့ပေ။ဘွားမယ်စိန်တို့ကို သူကြီးဦးအောင်ချစ်က သူ့ရဲ့အိမ်ဆီကိုခေါ်ဆောင်သွားခဲ့၏။“အမေကြီး…ဒါကျုပ်အိမ်ပဲဗျ…ကိုယ့်အိမ်လိုသာ သဘောထားပြီးနေကြပါဗျာ…ဘာမှအားနာနေစရာမလိုဘူးဗျ…”“အေးကွယ်…ဘွားတို့ကလည်း အားမနာတတ်ပါဘူးမောင်အောင်ချစ်ရဲ့…”“ဒီလိုမျိုးဆို ကျုပ်ကသဘောကျတယ်ဗျ…အားနာစရာလည်းမလိုဘူး…ကိုယ့်သား ကိုယ့်တူလိုသဘောထားပါဗျာ…ဒီကငါ့တူတို့ ငါ့တူမတို့လည်းအတူတူပဲနော်…”“စိတ်ချပါသူကြီး…ကျုပ်တို့ကလည်းအားမနာတတ်ပါဘူးဗျာ…”မောင်တိုးအဖြေကြောင့်သူကြီးဦးအောင်ချစ်ကပြုံးလိုက်သည်။“ကဲ…မိန်းမရေ…အမေကြီးတို့ကို အိမ်ထဲခေါ်သွားလေကွာ…ခရီးကပင်ပန်းလာတာဆိုတော့အနားယူပါစေဦး…”“ဟုတ်ကဲ့…အမေကြီးတို့ အိမ်ထဲကိုကြွပါရှင်”သူကြီးကတော်က ဘွားမယ်စိန်တို့ကိုအိမ်ထဲခေါ်သွားသည်။မောင်တိုးနဲ့မောင်အုန်းကနွားများကို လှည်းမှဖြုတ်နေခဲ့၏။“ဒါနဲ့ မောင်တိုး…တို့ရွာကို အဘွားကြီးတစ်ယောက်ရောက်လာသေးတယ်ဆို…အဲ့တာဟုတ်သလား”“ကိုကြီးအုန်းဘယ်ကသိလာပြန်တာလဲဗျ…”“အမေပြောလို့သိတာကွ…ငါလည်းမေးမလို့မေးမလို့နဲ့ မေ့နေတာကွာ…အခုမှပဲမင်းကိုမေးရတယ်…”“တိုးတိုးပြောဗျ…ကိုကြီးအုန်းမသိတာတွေအများကြီးရှိသေးတယ်…”“ဟေ…ငါဖြင့် […]
ဘွားမယ်စိန်နှင့် လူပူး
စာမူ…၂၄၈စဆုံးညနေခင်းအချိန်၌ မောင်တိုးတစ်ယောက် ဘွားမယ်စိန်တို့ရဲ့နေအိမ်ဆီကိုရောက်လာခဲ့သည်။မောင်တိုးရဲ့မျက်နှာကလည်း သိသိသာသာပင်ညိုးနွမ်းလို့နေခဲ့၏။မောင်တိုးရဲ့မျက်နှာအမူအရာကိုဘွားမယ်စိန်တို့ကလည်းသတိထားမိကြလေသည်။“ခါတိုင်းဆိုရင် စနောက်နေတဲ့သူကဒီကနေ့ဖြင့် ငြိမ်နေသလားလို့ကွယ်…ဘယ့်နဲ့တုန်း…ခင်မြချစ်နဲ့များစကားများလာတာလားမောင်ရင်ရဲ့…”ဘွားမယ်စိန်ကမေးတော့ မောင်တိုးက သက်ပြင်းကိုအရင်ချလိုက်သည်။ဒေါ်ဝင်းနဲ့ရှင်ညိုတို့ကလည်း မောင်တိုးကိုအကဲခတ်နေကြ၏။“ကျုပ်ဖြင့်ပြောရမှာတောင် ပြောကိုမပြောချင်ပါဘူးဘွားရယ်”“မောင်တိုးရယ်…နင်ပြောမှငါတို့က သိရမှာလေ…ပြောစမ်းပါဦးဟယ်…ဘာများဖြစ်လာကြတာလဲ”“ဘာဖြစ်ရမှာလဲဗျာ…အရီးတူမကကျုပ်ကိုအမြဲတစေဆူငေါက်နေတာဗျ…တစ်ခါနှစ်ခါဆိုရင်တောင်ကျုပ်ဘက်ကသည်းခံနိုင်ပါသေးတယ်ဗျာ…အခုက ကျုပ်ဖြင့် သူ့မျက်စိရှေ့ကိုတောင်မသွားချင်တော့ဘူးဗျ…”မောင်တိုးက သူ့စိတ်ထဲမှာဖြစ်နေတဲ့မကျေနပ်ချက်များကိုထုတ်ပြောလေတော့ ဒေါ်ဝင်းတို့ပင်အံ့သြသွားခဲ့သည်။ခင်မြချစ်ကမောင်တိုးအပေါ်၌ ဂရုတစိုက်ချစ်တဲ့သူဖြစ်သည်။မောင်တိုးပြောသမျှ၊ မောင်တိုးစီစဥ်သမျှကိုလည်း နားထောင်ပြီးအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်သူဖြစ်တာကိုလည်းဒေါ်ဝင်းတင်မက အားလုံးကသိကြသည်။ယခုမောင်တိုးပြောလိုက်သောခင်မြချစ်ရဲ့ပြောင်းလဲမှုကဒေါ်ဝင်းတို့ကို အံ့သြသွားစေခဲ့သည်။“နေစမ်းပါဦး…ဒါဆိုရင်ခင်မြချစ်က မောင်ရင့်ကိုမြင်လိုက်တာနဲ့ စိတ်မကြည်မသာဖြစ်ပြီးရန်တွေ့နေတဲ့သဘောပေါ့လေ…အဲ့တာ ဟုတ်သလားကွဲ့…”“ဟုတ်တယ်ဘွား…အဲ့သည်လိုကိုဖြစ်နေတာဗျ…”မောင်တိုးရဲ့စကားကိုကြားတော့ဘွားမယ်စိန်ကခေါင်းညိတ်လိုက်ပြီး မောင်တိုးကိုသေချာကြည့်လိုက်သည်။သေချာကြည့်ပြီးလေတော့…“မောင်ရင်တို့အိမ်ကိုတခြားက […]
ဘွားမယ်စိန်နှင့် လင်သူတော်မယားစုန်းမ
ဘွားမယ်စိန်နှင့် လင်သူတော်မယားစုန်းမရှင်ညိုတစ်ယောက်လွယ်အိတ်ကြီးကိုလွယ်ပြီးရွာလမ်းအတိုင်းလျှောက်လာခဲ့သည်။“ရှင်ညို…ဘယ်သွားမို့လို့လဲအေ့…”ရှင်ညိုနဲ့ လမ်းမှာဆုံ၍မေးကြသူများကိုရှင်ညိုက မမြင်၊မကြားဟန်ဖြင့် လှည့်၍မဖြေဘဲသူ့လမ်းသူသာ ဆက်လျှောက်သွားခဲ့သည်။“ရှင်ညိုကိုကြည့်ရတာ တစ်မျိုးပဲအေ့…စိတ်များဆိုးနေသလားမသိဘူးနော်…”“ဟုတ်မယ်အေ့…ငါတို့မေးတာကိုတောင်မမြင်ဟန်ဆောင်သွားတာဆိုတော့ တစ်ခုခု ဖြစ်နေပုံရတယ်”ရွာသူတို့က ရှင်ညိုအကြောင်းပြောရင်းရွာလမ်းမအထက်၌ကျန်ရစ်ခဲ့ကြသည်။ရှင်ညိုသည်က ရွာအပြင်ဘက်ရှိ တမာတန်းဆီကိုသာထွက်လာခဲ့တော့၏။“ဟူးး….”တမာပင်အောက်မှာထိုင်ရင်း ရှင်ညိုသက်ပြင်းချမိသည်။“မမရှင်ညို…”“ဟော…ပိန်သေးမ…ဒါဘယ်သွားဆော့မလို့တုန်းအေ့…”“ကျုပ်က မမရှင်ညိုကိုတွေ့လို့လိုက်လာတာ…”“ဟင်…ဒါဖြင့် ရွာထဲကနေလိုက်လာတာပေါ့…ပြောစမ်းပါဦး…ညည်းက အစ်မနောက်ကိုဘာကြောင့်လိုက်လာရတာလဲအေ့”“မမရှင်ညိုကို စိတ်မချလို့ပေါ့တော်…”“အစ်မကိုစိတ်မချလို့ ဟုတ်လား”ပိန်သေးမက ရှင်ညိုရဲ့အမေးကိုပြုံး၍ခေါင်းညိတ်ပြလေသည်။“အရီး…ကျုပ်တို့ကိုခေါ်တယ်ဆို”မောင်တိုးနဲ့မောင်အုန်းကို နန်းကြိုင်က သွားခေါ်လာခဲ့သည်။အရေးကြီးတယ်ဆိုလို့ မောင်တိုးတို့လည်းချက်ချင်းပင်လိုက်လာခဲ့ကြရှာ၏။“ဟောဗျာ…လေးလေးလည်းရောက်နေတာပဲဗျ…”ဒေါ်ဝင်းကိုမေးနေကြရင်းမှဘေးကိုကြည့်လိုက်တော့ဘွားမယ်စိန်နဲ့ကွပ်ပျစ်ခင်းမှာအတူထိုင်နေခဲ့တဲ့ဘိုးကြည်ကို မောင်တိုးတို့တွေ့သွားခဲ့သည်။“အေး…ငါ့တူတို့နေကောင်းကြတယ်နော်…”“ကောင်းပါတယ်လေးလေး…”ဘိုးကြည်ရောက်နေတာကိုမြင်တော့ မောင်တိုးတို့လည်းအခြေအနေကိုနားလည်သွား၏။“နင်တို့ညီမကို သွားရှာစမ်းပါဦးဟယ်…အကျိုးအကြောင်းပြောမယ်လုပ်တုန်း […]
ဘွားမယ်စိန်နှင့် ထိန်ပင်စောင့်ဖိုးနီ
စာမူ…၂၅၀စဆုံး“အရီးရေ…အရီး…ကျုပ်တို့လာတယ်နော်…”“ဟယ်…ဆောင်းသဇင်နဲ့ခင်မြချစ်တို့ပါလား…လာ…လာ…ငါ့တူမတို့လာထိုင်ကြဦး…”ဆောင်းသဇင်နဲ့ခင်မြချစ်တို့ လက်ချင်းချိတ်ပြီးရောက်လာခဲ့ကြသည်။“အရီး…ရှင်ညိုရော ပြန်မလာသေးဘူးလားတော့်”“အမယ်လေး…ညည်းတို့ ညီမပြန်လာမယ့်ပုံမရသေးပါဘူးအေ…သူ့အဘွားဒေါ်ရှိန်က ကျန်းမာလာပေမယ့်သူ့မြေးကို မပြန်ခိုင်းသေးဘူးတဲ့အေ”“ရှင်ညိုလေးလည်း…အခုမှပဲ သူ့ဘဝလေးပြည့်စုံသွားသလိုခံစားမိတယ်အရီးရယ်…”ခင်မြချစ်စကားကြောင့် နံဘေးမှာထိုင်နေတဲ့ နန်းကြိုင်ရဲ့မျက်နှာက သိသိသာသာပျက်ယွင်းသွားသည်။ဒေါ်ဝင်းက ခင်မြချစ်ကိုမှေးငေါ့ပြလိုက်လေမှမိမိစကားမှားသွားသည်ကို သတိထားမိလိုက်လေသည်။“ဟို…ဟိုလေ…အရီး…”“ကဲ… ခင်မြချစ် ညည်းစေတနာကိုအရီးသိပါတယ်အေ…ညည်းလည်းရှင်ညိုကို ချစ်သလို…ကျုပ်တို့တွေကလည်း ရှင်ညိုကိုချစ်ပါတယ်အေ့…ဒါပေမယ့် ညည်းညီမ ရှင်ညိုကတော့ သူ့ညီမလေးနန်းကြိုင်ကိုပိုပြီးချစ်ရှာတာ…အခုလည်း သူ့ညီမစိတ်ဆိုးနေမှာစိုးလို့.သူပြန်လာမယ့်အကြောင်းအသေအချာကိုမှာလိုက်ရှာပါတယ်အေ…သူလည်း ချက်ချင်းပြန်လာဖို့ ခက်နေလို့ပါအေ”“ဟုတ်တယ်နော်အရီး…ကျုပ်တွေ့မိသလောက်ကတော့ရှင်ညိုက နန်းကြိုင်လေးကိုအတော်ချစ်တာ…သူ့ညီမကိုမျက်စိအောက်က ကိုအပျောက်မခံနိုင်ဘူးထင်တယ်”“ဟုတ်ပါ့…ဟုတ်ပါ့…သူ့ညီမအတွက်ဆိုအသက်တောင်ပေးဝံ့တဲ့သူပါအေ…ကဲ…ကဲ…ညည်းတို့ ထိုင်နေကြဦး…အရီးလက်ဖက်လေးသွားသုပ်ပေးမယ်…”“လက်ဖက်သုပ်ဆိုရင် […]
ဘွားမယ်စိန်နှင့် သောကစံအိမ်
စဆုံး တစ်ရက်၌ဘွားမယ်စိန်၏နေအိမ်ဆီသို့ သူကြီးဦးနောင်ချိုနဲ့ ဧည့်သည်တစ်ဦးတို့အတူရောက်လာခဲ့ကြသည်။“ဘွား…သူ့ကိုမှတ်မိရဲ့လားဗျ…”ဟု…သူကြီးဦးနောင်ချိုက ဧည့်သည်အမျိူးသမီးကိုလက်ညိုးထိုး၍ဘွားမယ်စိန်ကိုမေးလေသည်။ဘွားမယ်စိန်ကဧည့်သည်အမျိူးသမီးကိုသေချာကြည့်သည်။အဝတ်အစားသားသားနားနားဖြင့် အမျိုးသမီးကိုကြည့်ရင်း ဘွားမယ်စိန်စဥ်းစားရခက်နေခဲ့၏။“ဘွား…သူက မိညွှန့်လေဗျာ…ကျုပ်ညီမတစ်ဝမ်းကွဲ မိညွှန့်ဗျ…မြို့သားနဲ့ညားလို့ရွာကိုပြန်မလာတာအတော်ကြာပြီဆိုတော့…ဘွားလည်းမမှတ်မိတော့တာထင်ပါတယ်…”“မိညွှန့်…ညည်းကမိညွှန့်ပေါ့…အေးအေ..ဘွားလည်းညည်းငယ်ရုပ်ကိုမနည်းဖမ်းနေရတယ်…ရုပ်တွေကပြောင်းသွားတာကိုးအေ့…မြို့သူကြီးကိုဖြစ်လို့အေ…..”ဟု…ဘွားမယ်စိန်ကပြောတော့ ဒေါ်ညွှန့်က ပြုံး၍ခေါင်းညိတ်သည်။“မမဝင်းကောဘယ်သွားလဲအဘွား….မတွေ့မိပါလား…”“ညည်းအစ်မသူ့သမီးတွေနဲ့ရွာထဲထွက်သွားတယ်အေ့…”“သမီးတွေဆိုတော့ မမဝင်းကအိမ်ထောင်ကျသွားပြီပေါ့…ဘယ်သူနဲ့များယူလိုက်တာလဲဘွားရဲ့”“မိညွှန့်ရယ်…နင့်အစ်မက အိမ်ထောင်မကျပါဘူးဟ…အခုထိအပျိုကြီးပါပဲ…သမီးတွေဆိုတာသူမွေးစားထားတဲ့သမီးတွေကိုပြောတာပါဟာ”“သြော်…မသိပါဘူးတော်…မမဝင်းများအိမ်ထောင်ကျသွားသလားလို့”ဒေါ်ညွှန့်စကားကို ဘွားမယ်စိန်ကပြုံးလေသည်။“မိညွှန့်…နင့်လာရင်းကိစ္စဘွားကိုပြောလိုက်တော့လေ…အချိန်ဆွဲမနေနဲ့ဟ”“ကျုပ်လည်းဘယ်ကစပြောရမှန်းမသိလို့ပေါ့အစ်ကိုရယ်…တော်ပဲပြောပေးစမ်းပါ”“ဟ…နင့်လောက်တော့ငါကပြောတတ်ပါ့မလား…နင်က ကာယကံရှင်လေဟာ…”သူကြီးဦးနောင်ချိုနဲ့ဒေါ်ညွှန့်တို့မောင်နှမ ပြောတာများကိုနားထောင်ရင်း ဘွားမယ်စိန်မှ…“ဘာများဖြစ်ကြလို့လဲ…ကဲကွယ်…ဟိုလူ့လွှဲချ…ဒီလူ့လွှဲချလုပ်မနေကြစမ်းပါနဲ့…မိညွှန့်…ညည်းပဲပြောစမ်းပါအေ…”ဟု…ဒေါ်ညွှန့်အားပြောခိုင်းလေသည်။ဒေါ်ညွှန့်မှာ အရင်ဆုံးသက်ပြင်းချ၏။ပြီးလေတော့မှ…“ကျုပ်တို့အိမ်မှာ ပြဿနာတက်နေလို့ပါဘွားရယ်…”ဟု…ပြောရှာသည်။“ပြဿနာ…ဘာပြဿနာများလဲအေ့”“မြို့ကအိမ်မှာ ကျုပ်နဲ့ ကျုပ်ယောကျ်ားဦးကျော်ကျော်ရယ်အသက်၂၅အရွယ် သားလေး ကျော်ဦးတို့ရယ်အတူနေကြတာပါဘွား…အခု အဲ့သည်အိမ်မှာပဲ ပြဿနာတွေတက်နေတာပါ…”ဒေါ်ညွှန့်ပြောတာကို […]
ဘွားမယ်စိန်နှင့် ရွှေလက်ကောက်ရဲ့ရာဇဝင်
“အရီး…အဲ့မှာ ဘာရပ်လုပ်နေတာလဲဗျ…”အိမ်အပေါ်ထပ်အခန်းရှေ့၌ရပ်ကာ အခန်းထဲသို့ဝင်ရကောင်း…မဝင်ရကောင်းဗျာများနေတဲ့ အရီးအေးမိကို မောင်တိုးက မေးလိုက်ခြင်းဖြစ်သည်။“အမေကြီးကိုထမင်းစားခေါ်မလို့ပါဟယ်…ငါ့မှာကြောက်လို့မဝင်ရဲဘူးငါ့တူရဲ့”“ဟင်း….ဒါဆိုရင် ကျုပ်ပဲ ခေါ်ခဲ့လိုက်မယ်အရီး…အရီးက ထမင်းပွဲနားကပဲစောင့်နေလိုက်ပါဗျာ…”“အေး…အေး…အေး…ဒါဆိုရင်အရီးအောက်ထပ်ကိုပြန်ဆင်းတော့မယ်နော်…”အရီးအေးမိက အောက်ထပ်ကို ပြန်ဆင်းသွားခဲ့တော့သည်။မောင်တိုးလည်း စိတ်မသက်မသာဟန်နဲ့အခန်းတံခါးကိုဖွင့်ပြီးဝင်လာခဲ့လိုက်၏။အခန်းထဲကိုရောက်တော့ ကုတင်အထက်မှာထိုင်လျက် ပြတင်းပေါက်ဆီကိုငေးမောကာကြည့်နေတဲ့ ဘွားမယ်စိန်ကိုမောင်တိုးတွေ့လိုက်ရသည်။“ဘွား…ထမင်းစားကြရအောင်လေ…”ဘွားမယ်စိန်က မောင်တိုးစကားကိုခေါင်းညိတ်သည်။“ဟိုလေ…ဘွားနေလို့ကောင်းပါတယ်နော်…ကျုပ်တို့ဘာများလုပ်ပေးရမလဲဘွား…ကျုပ်တို့ကိုတစ်ခုခုပြောပါဘွားရယ်…ကျုပ်တို့တွေက ဘွားကို ဒီတိုင်းပဲထိုင်ကြည့်နေရတော့မှာလားဗျာ…”ဘွားမယ်စိန်ကိုကြည့်ပြီး မောင်တိုးက စိတ်မကောင်းစွာမေးရှာသည်။မောင်တိုးရဲ့မျက်ဝန်း၌လည်း မျက်ရည်များကရစ်ဝိုင်းလို့နေခဲ့၏။ဘွားမယ်စိန်က မောင်တိုးကိုတစ်ချက်မျှသာလှည့်ကြည့်ပြီးအခန်းထဲမှထွက်သွားတော့သည်။အောက်ထပ်ကိုဆင်းသွားတဲ့ဘွားမယ်စိန်အနောက်ကိုမောင်တိုးလည်းပတူလိုက်လာခဲ့သည်။အောက်ထပ်၌စောင့်နေတဲ့မောင်အုန်းကအရိပ်အခြေပြကာ မေးရှာတော့ မောင်တိုးခမျာခေါင်းသာရမ်းပြလိုက်ရှာသည်။“အမေကြီး ထည့်စားနော်…ကျုပ်က […]