ဖိနပ်စီးသောခွေး

တင်ညွန့်“ဆရာကြီး”“ပြော ကိုစံလှ”“ဒီနေရာလေးဟာလေ ကားရော၊ ဆိုင်ကယ်တွေအတွက်ပါ ဖြတ်သွားရတာ အဆင်မပြေဘူး ဖြစ်နေသဗျ”လမ်းလျှောက်ကပြန်လာသော ကျွန်တော့်ကို သူက ထိုနေရာလေးတွင်စောင့်ကာ ပြောခြင်းဖြစ်သည်။“ဟုတ်တာပေါ့ … အဲဒီတော့”“ဒီနေရာလေးကို ကျွန်တော်တို့ ဘောင်လေးရိုက်ပြီး ဘိလပ်မြေ တစ်အိတ်စာလောက်နဲ့ ကွန်ကရစ် လောင်းလိုက်ရင် ကောင်းမလားလို့ … တစ်လမ်းလုံးပြင်ဖို့လည်း မတတ်နိုင်ဘူးလေ … ပြီးတော့ […]

တံငါငတ်စွ ငတ်စွလေး(ဝတ္ထုတို)

တံငါငတ်စွ ငတ်စွလေး(ဝတ္ထုတို)မောင်သိက္ခာ(၁)“အဘ ညစာချက်ဖို့ ဆန်မရှိတော့ဘူးတော့်”ပူတူးမသည် အိမ်နောက်ဖေးတွင် နံနက်စာအတွက် ဆန်ဆေးနေရာမှ အဘဉာဏ်အား လှမ်း၍ပြောလိုက်၏။ဟုတ်သည်။အဘဉာဏ်တို့လို တံငါသည်များဘဝမှာ လှေဦးစိုမှ ပါးစပ်စိုသည်။ လှေဦးခြောက်လျှင် ပါးစပ်ခြောက်သည်ဟု ပြောစမှတ်ပြုကြသည်။အဘဉာဏ် မြစ်အတွင်း ငါးဖမ်းမဆင်းနိုင်သည်မှာ နှစ်ရက်သုံးရက် ကြာပြီ။တစ်သက်လုံး ပင်ပင်ပန်းပန်း နေပူမရှောင် မိုးရွာမရှောင် အလုပ် လုပ်ရသည့်ဒဏ်သည် ယခုလိုအသက်ကြီးလာတော့ […]

” မီး ”

” မီး ”တင်ညွန့်မီးသင်္ဂြိုဟ်စက်ထဲကို ဝင်သွားသော အလောင်းကိုကြည့်ကာ သူတို့အားလုံး ငိုနေကြသည်။“ကိုထွန်းခင်ရေ … သွားတော့နော်”မနှင်းမြက ဆွေးဆွေးမြည့်မြည့်လေးပြောလိုက်ကာ မျက်ရည်ကို သုတ်နေသည်။ တံခါးကြီးက “ဂျိုင်း” ခနဲ ပိတ်သွားသည်။ပြီးပြီ၊လူတစ်ယောက်၏ဘဝသည် ပြီးဆုံးသွားပြီ။ သေသူနှင့် ရှင်သူကြားတွင် တံခါးတစ်ချပ် ခြားသွားသည်။ ထို့နောက် မီးခိုးငွေ့တွေ ခေါင်းတိုင်ကထွက်လာသည်။ မနှင်းမြက […]

မည်သူယုတ်သနည်း

တင်ညွန့်စာသင်ကြားမှုများ ပြီးဆုံးပြီဖြစ်သဖြင့် ရဟန်းသည် မိမိသီတင်းသုံးရာ တောရွာလေးတစ်ရွာရှိ ကျောင်းသင်္ခန်းကို ပြန်ရတော့မည်ဖြစ်သည်။ရဟန်းက ဆရာတော်ဘုရားထံ သွားရောက် ဝတ်ပြုသည်။“တပည့်တော် ရွာကို ပြန်ပါတော့မည်ဘုရား”“ကောင်းပါပြီ ငါ့ရှင်။ ရွာသူရွာသားတို့အား ဓမ္မတရားများကို ဟောပြောညွှန်ပြ ဆုံးမနိုင်ပါစေ”“ဗုဒ္ဓအလိုတော်အတိုင်း ဆောင်ရွက်ပါမည်ဘုရား”“ကောင်းပေစွ … ငါ့ရှင် တစ်ခုမှာချင်သည်”“မိန့်တော်မူပါအရှင်ဘုရား”“နောက်တစ်ကြိမ် မြို့ကိုပြန်လာလျှင် အဖြေတစ်ခုကို ယူလာစေချင်သည်”“သိပါရစေဘုရား”“လောကတွင် အဆိုးတကာ့ထိပ်ခေါင် […]

ငါ့ဘုရားလေး (ဝတ္ထုတို)

ငါ့ဘုရားလေး (ဝတ္ထုတို)တင်ညွန့်ရွာတွင် အပျိုကြီး ဒေါ်အေးစိန်ဆိုသူတစ်ယောက် ရှိသည်။ သူ့ကို ဘုရားတရား အလွန်ကြည်ညိုသူဟု အထင်ခံစေချင်သလို အမှန်တကယ်လည်း ကြည်ညိုစိတ်သန်သဖြင့် ကောင်းမှုကုသိုလ်တွေ ပြုလေ့ရှိပါသည်။ရွာဓလေ့တစ်ခုက သင်္ကြန်အတက်နေ့ညတွင် မိမိတို့အိမ်တွင်ရှိသော ဘုရားဆင်းတုတော်များကို ဘုန်းကြီး ကျောင်း မဏ္ဍပ်အတွင်းရှိ ဘုရားစင်ပေါ်သို့ ပို့ဆောင်ကြရသည်။ဆရာတော် သံဃာတော်များက တစ်ညလုံး ရွတ်ဖတ်ပူဇော်ကြသည်။ နောက်တစ်နေ့ […]

အညှစ်ခံလူသားများ (ဝတ္ထုတို)

အညှစ်ခံလူသားများ (ဝတ္ထုတို)တင်ညွှန့်ပါမောက္ခကြီးက စာသင်ခန်းထဲကို ဝင်လာသည်။ သူ့လက်ထဲတွင် ဖန်ချိုင့်ကြီးတစ်လုံးကိုင်လာသည်။ ဖန်ချိုင့် ကြီးထဲတွင် အရည်ညှစ်တံတစ်စုံ၊ ဓားတစ်ချောင်းနှင့် လိမ္မော်သီးတစ်လုံးပါလာသည်။“မင်္ဂလာပါဆရာကြီး”“မင်္ဂလာရှိသော နေ့ကောင်းနေ့မြတ်ပါကွယ် … ထိုင်ကြ … ထိုင်ကြ”ပါမောက္ခကြီးက သူနှင့်အတူ ပါလာသော ပစ္စည်းများကို စားပွဲပေါ်တင်လိုက်သည်။ စာသင်သားများက ငါတို့ဆရာကြီး ဒီနေ့ ဘာတွေ သင်မလို့ […]

နင်လားဟဲ့ ဒုက္ခ

နင်လားဟဲ့ ဒုက္ခတင်ညွန့်အိမ်တွင် ဂက်စ်မီးဖို သုံးပါသည်။ မီးသွေး အိမ်ညစ်ပတ်သည်။ ထင်းကလည်း အိမ်ညစ်ပတ်သည်ဆိုပြီး ဂက်စ်မီးဖိုလေး ဆောင်ထားမှ ပိုက်ဆံပေးပါမည် ဆိုတာတောင် ဂက်စ်က ဝယ်မရသည့်အခြေအနေကို ရောက်သွားသည်။ ဂက်စ်တစ်ပိသာက သောင်းဂဏန်းနား ကပ်သွားပြီ။ထမင်းကို ပူပူနွေးနွေး မစားရသည်မှာ ကြာပါပြီ။ လျှပ်စစ်မီးက လူတွေ အိပ်ချိန်မှ လာသည်။ […]

သူ့အတွက်

သူ့အတွက်တင်ညွန့်အတန်းရှေ့ကို ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီထွက်လာပြီးဆရာ့ရှေ့တွင် စာဆိုပြနေကြသည်။ ကျောင်းသူ ချိုကြည် စာဆိုအပြီး အတန်းဘက်ကို မျက်နှာမူကာ ပြန်လှည့်ထွက်သွားစဉ် ကျွန်တော်က“သမီး ခဏနေဦး” ဟုဆိုလိုက်သဖြင့် သူက ရပ်လိုက်သည်။ချိုကြည် ကျောကုန်းတွင် စာရွက်တစ်ရွက်ကို ကပ်ထားသည်။ စာရွက်ပေါ်တွင်“သမီးကချိုကြည်၊ အမေကဒိုဘီ” ဟုရေးထားသည်။“ရှင် … ဆရာ”ချိုကြည်က ကျွန်တော့်ဘက်ကို […]

အရီးမယ်ခ (စ/ဆုံး)

အရီးမယ်ခ (စ/ဆုံး)ရေးသားသူ…တာတေတာတေရေးခဲ့တဲ့ ‘စုန်းမ’ဝတ္ထုထဲမှာ အရီးမယ်ခအကြောင်းကို ဖတ်ဖူးခဲ့ကြမှာပါ။ ကျုပ်တို့ ထနောင်းကုန်းက ပညာသည်ကြီးပေါ့ဗျာ။ ဟိုတုန်းက စုန်းဆိုတာ သေချာသွားရင် ရွာပြင်ထုတ်ကြတယ်လို့ ကျုပ်ကြားဖူးတယ်။အရီးမယ်ခကတော့အလိုက်သိတဲ့အနေနဲ့ မြောက်ပိုင်းက အစွန်ဆုံးဝိုင်းမှာ တစ်ယောက်တည်းသွားနေတာဗျ။အရီးက ရွာထဲကို အသွားအလာလည်း မလုပ်ဘူးဗျ။ ရွာထဲကလူတွေကလည်း အရီးကိုအဆက်အဆံမလုပ်ကြဘူး။ အရီးမယ်ခအိမ်ကိုအိမ်အဝင်အထွက်ရှိတာဆိုလို့ တာတေတစ်ယောက်ပဲ ရှိတာဗျ။ အရီးကလည်း […]

ဖိုးလနတ်သား

ဖိုးလနတ်သားတင်ညွန့်ကျွန်တော်လမ်းလျှောက်ပြန်လာသည့် လမ်းထောင့်လေးတစ်နေရာတွင် လက်ဖက်ရည်ဆိုင်သေးသေးလေး တစ်ဆိုင်ရှိသည်။ ကျွန်တော်က ထိုဆိုင်တွင် နံနက်စာ တစ်ခါတစ်ရံစားသည်။ အစားအသောက် ကောင်း၍ တော့မဟုတ်။ ဘဝအကြောင်း သောင်းပြောင်းထွေလာကို ဤနေရာတွင်သိနိုင်သောကြောင့်ဖြစ်သည်။လမ်းဆုံလည်းဖြစ် လူနေစိပ်သည့် ရပ်ကွက်တစ်ခုအတွင်း၌လည်း ဖြစ်သဖြင့် ထိုဆိုင်တွင် လူစုံသည်။ ထောင့်နားကျကျ စားပွဲသည် ချဲရောင်းသူတစ်ယောက်ထိုင်လေ့ရှိသည်။ လူတွေက ထိုသူထံတွင် ချဲလာထိုး […]