သန်းခေါင်ယံဆိုက်ကား

သန်းခေါင်ယံဆိုက်ကား (ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)(၁)၂၀၀၀ ပြည့်လွန်နှစ်များခန့်ဖြစ်သည်။ညကောင်းကင်ထက်မှာ လခြမ်းကွေးကွေးကလေးက ကြယ်တွေမစုံမလင်နှင့်တောက်ပနေသည်။ မြစ်ပြင်ကျယ်ကြီးကလဲ လရောင်နှင့် တဖြပ်ဖြပ်လက်နေကြသည်။ ကိုဆောင်းကတော့ ထိုမြစ်ပြင်ကြီးကိုကြည့်ရင်း စိတ်ကူးထဲအတွေးပေါင်းစုံ တွေးနေမိသည်။“ဘူ၊ ဘော်”တွေးနေရင်း သင်္ဘောဥဩသံကြီးကို ကြားလိုက်ရတော့မှ ကိုဆောင်းလဲအသိပြန်ဝင်လာသည်။ ထို့နောက် ဆိုက်ကားကိုတွန်းရင်း ဆိပ်ကမ်းဘက်သို့ထွက်လာခဲ့သည်။ သူတို့ဆိုက်ကားဂိတ်ကလေးမှ ဆိုက်ကားများကလဲ အားလုံးဆိပ်ကမ်းဆီသို့လာခဲ့ကြသည်။ ဧရာဝတီမြစ်အတိုင်းစုန်ဆင်းလာသည့် […]

စုန်းထီးကြီးဦးဘသာနှင့် အညာနွားပြိုင်ပွဲ

(၁)ကျုပ်တို့တွေ တန်းမြင့်ရွာကိုရောက်နေကြတာဗျ၊ ကျုပ်လည်းပါတယ်၊ အဖေလည်းပါတယ်၊ ရွာခံလူကြီးတွေလည်း လေးငါးဆယ်ယောက်ပါတယ်၊ ဦးဘသာတော့ မပါဘူးဗျ၊ ကျုပ်တို့ဘာဖြစ်လို့ ဒီရွာရောက်နေကြတာလဲဆိုရင် အစည်းအဝေးတစ်ခုရှိလို့ပေါ့ဗျာ၊ တန်းမြင့်ရွာသူကြီး ဦးကျော်ဝင်းက ရွာထိပ်က ဇရပ်ကြီးမှာ ဖျာတွေခင်းပြီး လူတွေကိုဧည့်ခံတယ်ဗျ၊ မြိုင်သာမြို့က ပါတီကောင်စီလူကြီးတွေလည်း တော်တော်များများရောက်နေကြပြီ။ ကျုပ်ကတော့ ကျုပ်တို့ကိုဧည့်ခံတဲ့ လက်ဖက်ရည်သောက်လိုက် စမူဆာတွေစားလိုက်ပေါ့ဗျာ။ အီကြာကွေးလည်းပါသေးတယ်၊ […]