ဘွားမယ်စိန်နှင့်လူအိုတွေသေတဲ့ရွာ

“အဘွား…မမကလည်းပြန်မလာသေးဘူးနော်”နန်းကြိုင်သည် အဘွားဖြစ်သူဘွားမယ်စိန်နံဘေး၌ထိုင်ရင်း ငြီးတွားလိုက်လေသည်။“အေးကွယ်…သမီးအစ်မကို ဘွားကလည်းမျှော်နေတာ…ဒီကလေး အသုဘပြီးရင်ပြန်လာမယ်ပြောသွားပြီးဘာကြောင့်များရက်ကြာနေသလဲမသိဘူးကွယ်”“အမေရယ်…ကျုပ်တို့ရွာလည်း အေးချမ်းနေတာပဲ…အမေ့သမီးနောက်ကို လိုက်သွားကြည့်ပါလား”ဒေါ်ဝင်းရဲ့စကားကို ဘွားမယ်စိန်က ပြန်မပြောဘဲတိတ်ဆိတ်သွားသည်။ဘွားမယ်စိန်စဥ်းစားနေခြင်းဖြစ်၏။သောင်ထွန်းရွာနဲ့ တခြားရွာများ၌လည်း အေးချမ်းလျက်ရှိသည်။မြင်တွေ့ခဲ့ရသော အာရုံနိမိတ်သည်မှားများမှားနေသလားဆိုတဲ့အတွေးများကလည်းဘွားမယ်စိန်ရဲ့စိတ်ထဲဝေခွဲမရဖြစ်နေခဲ့၏။“မမပြန်မလာတာ…ဟိုလေ…ဟို…တစ်ခုခုများဖြစ်နေလို့များလားအဘွားရယ်… ““မဖြစ်နိုင်ပါဘူးသမီးရယ်…ညည်းရဲ့အစ်မက သူ့အရီးတို့နဲ့အတူလယ်တွေယာတွေ ကိစ္စကို စီမံနေရသလားမှမသိတာ…အဲ့တာကြောင့်လည်း ကြန့်ကြာနေပုံရပါတယ်အေ…”“ဘွားရေ…ကျုပ်တို့လာတယ်ဗျို့…”“ဟော…မောင်တိုးနဲ့မောင်အုန်းပါလား…လာ…လာ…ထိုင်ကြ…”မောင်တိုးနဲ့မောင်အုန်းတို့ရောက်လာခဲ့ကြသည်။“ရှင်ညိုကလည်းဗျာ…ပြန်မလာသေးဘူးလားကျုပ်တော့ ရှင်ညိုမရှိတော့ ပျင်းတောင်ပျင်းတယ်ဗျာ”“ဟုတ်ပါ့ဗျာ…ဒီကလေးမ ကြာလှပါလားဘွားရဲ့”.မောင်တိုးနဲ့မောင်အုန်းတို့က အိမ်ကိုရောက်လာလာချင်းနှမဖြစ်သူရှင်ညိုကို သတိရ၍ ပြောကြလေသည်။“ဟုတ်တယ်…ဘွားတို့လည်းအခုပဲ အဲ့သည်ကိစ္စကိုပြောနေကြတာကွဲ့…မောင်ရင်တို့နှမက အင်ကြင်းမြိုင်မှာဘာတွေများအလုပ်ရှုပ်နေသလဲမသိပါဘူးကွယ်…”“အသုဘကပြီးလောက်ပါပြီဗျာ…လေးလေးက […]

ဘွားမယ်စိန်နှင့်မြစိမ်းရောင်မိန်းကလေး

ဘွားမယ်စိန်နှင့်မြစိမ်းရောင်မိန်းကလေးအချိန်က ညနေစောင်းနေလေပြီ​။ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ထုကတစတစနဲ့ ဖုံးလွှမ်းလို့လာခဲ့၏။ရွာအလယ်ပိုင်းက မြေနေရာလွတ်၌ဆော့ကစားနေကြကလေးငယ်များရဲ့အသံကလည်းယနေ့မှာဖြင့် တိတ်ဆိတ်လို့နေခဲ့သည်။ဒါ့အပြင် သက်ရွယ်ကြီးရင့်သူတို့ရဲ့ ဘုရားရှိခိုးသံ…စကားပြောသံတို့ပင် ထွက်ပါ်လာခြင်းမရှိတာကပို၍ထူးဆန်းလို့နေခဲ့သည်။“ရှင်ညို…ငါ့တူမ…”အရီးအေးမိက ရှင်ညိုနေတဲ့အခန်းထဲကို ဝင်လာခဲ့သည်။“အရီးတို့ရွာတော့ ဘာတွေဖြစ်နေပြီလဲမသိဘူးမနေ့ညကလည်း ရွာထဲမှာလမ်းလျှောက်သံတွေကြားတယ်တဲ့…ထွက်ကြည့်တဲ့သူက ကြည့်တော့လည်းဘယ်သူ့ကိုမှမတွေ့ဘူးတဲ့ရှင်ညို”အရီးအေးမိပြောနေတဲ့စကားကို ရှင်ညိုတစ်ယောက်ငေးမောရင်း နားထောင်နေခဲ့သည်။အရီးအေးမိစကားများက ရှင်ညိုနားထဲသို့ မဝင်ခဲ့ပေ။“ရှင်ညို…အရီးပြောတာကိုကြားရဲ့လား…ညည်း နေများမကောင်းဘူးလားအေ…မျက်တွင်းတွေကလည်းညိုလို့ပါလား”ရှင်ညိုရဲ့မျက်လုံးများက အိပ်မပျော်သူတစ်​ယောက်အလားညိုမဲလျက်ရှိသည်။“ရှင်ညို…အရီးပြောတာကိုကြားရဲ့လားကောင်မလေး”အရီးအေးမိက ရှင်ညိုပုခုံးကို ဆွဲကိုင်လှုပ်၍မေးတော့…“ဟင်…အရီး…အရီးဘယ်တုန်းကရောက်နေတာလဲ”“ရှင်ညို…သတိထားစမ်း…ညည်းဘာတွေဖြစ်နေတာလဲ…နေမကောင်းဘူးလားရှင်ညို”“ကျုပ်…ကျုပ်နေကောင်းပါတယ်…”“သေချာရဲ့လားအေ…ညည်းကြည့်ရတာငေးငေးငိုင်ငိုင်နဲ့အရီးတော့ စိတ်ပူလာပြီအေ…”“ရ….ရပါတယ်အရီး…ကျုပ်ဘာမှမဖြစ်ပါဘူး”“ဟင်း……တစ်ခုခုဆိုရင်အရီးကိုပြောပြပါရှင်ညိုရယ်…တို့ရွာထဲလည်း တစ်ခုခုဖြစ်တော့မယ်ထင်တယ်…လူကြီးတွေက မိုးချုပ်တာနဲ့ […]